Saturday, October 3, 2009

O_o Basics 7 Isomers

ကနေ့ကတော့ Isomer တွေ အကြောင်းကို ဆက်ပြောပါ့မယ်။ Isomer ဆိုတာ ဖွဲ့စည်းပုံတူပြီးတော့ သဏ္ဍန်မတူတဲ့ ဓာတ်ပေါင်းတွေလို့ ပြောခဲ့ဖူးပါတယ်။ အဲလို ဓာတ်ပေါင်းတွေ သဏ္ဍန်ကွဲပြားနေတာကို Isomerism လို့ခေါ်ပါတယ်။ Isomerism လေးမျိုးရှိပါတယ် - Positional Isomerism, Skeletal Isomerism, Conformational Isomerism နဲ့ Geometric Isomerism ပါ။ နောက်ဆုံး နှစ်ခု - Conformational Isomerism နဲ့ Geometric Isomerism က Cyclo-alkane တွေနဲ့ပဲ သက်ဆိုင်ပါတယ်။

Positional Isomer
Positional Isomer တွေမှာ Hydrogen သို့ အခြားသော branching တွေက ကွဲပြားနေကြပါတယ်။ Carbon ကတော့ ဓာတ်ပေါင်းနှစ်ခုလုံးမှာ ပုံသဏ္ဍန်တူပဲ ဖွဲ့စည်းထားကြပါတယ်။

Skeletal Isomer
Skeletal Isomerism ကတော့ Carbon ကျောရိုးကွဲနေတဲ့ သဘာဝတူညီသော ဓာတ်ပေါင်းတွေမှာ ဖြစ်ပါတယ်။ Carbon ကျောရိုးပေါ့နော်။

Conformational Isomer
Conformation Isomer တွေကတော့ ဘယ်အစုက ဘယ်နေရာမှာ တည်ရှိနေတယ်ဆိုတာမျိုးထက် ထုထည်ပိုင်းဆိုင်ရာနဲ့ ပိုသက်ဆိုင်ပါတယ်။ Stereoisomerism နဲ့ လုံးလုံးလျားလျားသက်ဆိုင်ပါတယ်။ အစုဝင်တွေ နေရာပြောင်းချင်မှ ပြောင်းမှာပေမယ့် hybrid bond တွေကြောင့် Bond angle ဒီဂရီတွေ ကွဲပြားသွားတာမျိုးပါ။

Geometric Isomerism
Geometric Isomer တွေမှာ cyclo-alkane တွေရဲ့ နေရာတည်ရှိပုံတွေ ကွာခြားသွားတဲ့အတွက် Isomer တွေ ဖြစ်ပေါ်လာတာပါ။ Cyclic ring တွေရဲ့ တည်ရှိပုံသဏ္ဍန်တွေက တူညီပေမယ့် hydrogen, carbon နဲ့ hydroxyl bond တွေ ပေါင်းစပ်ပါဝင်နေပုံက ကွာခြားနေတဲ့အတွက် Geometric Isomerism ပေါ်ပေါက်လာတာပါ။


0 comments: