Friday, October 2, 2009

O_o Basics- 5 Carbon

Carbon ဟာ ကမ္ဘာပေါ်က သက်ရှိတွေ အားလုံးအတွက် အရေးပါတဲ့ element တစ်ခုပါ။ သက်ရှိသက်မဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရာအားလုံးနီးပါးကို C, H, O နဲ့ N လို့ခေါ်တဲ့ Oxygen, Carbon, Hydrogen, Nitrogen တို့နဲ့ ဖွဲ့စည်းထားပါတယ်။ သက်၇ှိတွေအားလုံး ဖွဲ့စည်းထားတဲ့ မော်လီကျူးလေးတွေကိုလည်း Carbon ပါတဲ့ bond တွေအများစုနဲ့ပဲ ဖွဲ့စည်းထားပါတယ်။ သက်ရှိတွေရဲ့ အစာအာဟာရကိုပဲကြည့်ဦးမလား Carbon ပါပါတယ်။ အဲတာကြောင့်မို့ Carbon အကြောင်းကို အခုလို တစ်ပို့စ် သပ်သပ်တင်ဖို့ ကြိုးစားရတာပါ။

Carbon ရဲ့ atomic number က ၁၂ ပါ။ သူ့မှာ electron ၄ လုံးတိတိ အပြင်ဘက်အကျဆုံး orbit မှာပိုနေပါတယ်။ ဒါကြောင့်မို့ bond လေးခု ဖြစ်တည်နိုင်ပါတယ်။ များသောအားဖြင့် သဘာဝအတိုင်းအရကတော့ H, O နဲ့ N တွေနဲ့ပဲ ဓာတ်ပြုတတ်ပါတယ်။

Carbon with 4 bonds

အလွယ်ဆုံးဥပမာပေးရင် CH4 သို့ methane ပါပဲ။ Carbon တစ်လုံးကို Hydrogen လေးလုံးက ၀ိုင်းဝန်းဓာတ်ပြုထားပါတယ် (စကားလုံးကြီးက ကြောက်စရာကြီးနော်၊ ၀ိုင်းဝန်း ဓာတ်ပြုတယ်ဆိုတော့ကာ..:P) Bond angle လို့ခေါ်တဲ့ Hydrogen တစ်လုံးနဲ့ တစ်လုံးကြားက ဒေါင့်ချိုး ဒီဂရီက ၁၀၉.၅ ပါ။ စောစောက P orbital တွေဟာ ၉၀ ဒီဂရီ ထောင့်ရှိကြတယ် ပြောခဲ့ဖူးမယ် ထင်ပါတယ်။ အခုကျတော့ ဘာဖြစ်လို့ P orbital မှာ ဖြစ်ရက်နဲ့ ၁၀၉.၅ ဒီဂရီ ရှိရလဲဆိုတာကို ပြောရရင် ဒီ bond မှာ S orbital နဲ့ P orbital တွေက electron တွေက H မော်လီကျူးတွေကို ဆွဲငင်နေလို့ပါပဲ။ sp3-hybridized bonds လို့ ခေါ်လို့ရပါတယ်။ electron တွေဟာ သူတို့အတွက် တည်မြဲမှု အများဆုံးအခြေအနေကိုပဲ ယူကြတာ ဖြစ်တဲ့အတွက် bond အခြေအနေတွေကို Organic chemistry မှာ ပုံသေသတ်မှတ်လို့ မရပါဘူး။ methane မော်လီကျူးပုံသဏ္ဍန်ကို အောက်မှာ ပြသထားပါတယ်။

Carbon with 3 Atoms

ဒီတစ်ခါ ဥပမာပေးမယ့် compound ကတော့ ethene ပါ။ ethene မှာ Carbon နှစ်လုံးနဲ့ Hydrogen လေးလုံး ပါပါတယ်။ အဆင်အပြေဆုံး electron အနေအထားကို အလိုအလျောက် ပြောင်းလဲသွားတာမို့ ဒီ compound မှာ sp-hydrizied bond တွေ ပါပါတယ်။ အဲဒီလို hybrid ဖြစ်သွားတဲ့အတွက် P orbital တွေချည်းသက်သက် ၉၀ ဒီဂရီကနေပြီးတော့ hybrid ၁၂၀ ဒီဂရီကို ပြောင်းလဲသွားပါတယ်။ ပါဝင်တဲ့ Carbon နှစ်လုံးရဲ့ ကြားမှာတော့ double bond နဲ့ ဆက်စပ်ထားပါတယ်။ အောက်မှာ ethene ရဲ့ ဖွဲ့စည်းပုံကို ပြသထားပါတယ်။

Carbon with 2 Atoms

ဒီတစ်ခါတော့ acetylene ကို လွယ်ကူတယ်လို့ ယူဆတာမို့ အဲတာနဲ့ ဥပမာပေးပါမယ်။ acetylene မှာ Carbon နှစ်လုံးပါပါတယ်။ ကြားမှာ triple bond နဲ့ ဆက်စပ်ထားလို့ အဲဒီ Carbon နှစ်လုံးကြားမှာ electron ၆လုံးကို မျှဝေထားတယ်လို့ ပြောလို့ရပါတယ်။ Carbon နှစ်လုံးရဲ့ တစ်ဘက်စီမှာတော့ Hydrogen တစ်လုံးစီက ပေါင်းစပ်တည်ရှိနေပါတယ်။ Bond angle နှစ်ခုလုံးက ၁၈၀ ဒီဂရီပါ။ အောက်ဘက်မှာ ဖွဲ့စည်းထားပုံကို နမူနာပြထားပါတယ်။
ကာဗွန်အကြောင်းကတော့ ဒီလောက်ဆိုရင် တော်လောက်ပြီလို့ ယူဆပါတယ်။ နောက်တစ်ပို့စ်မှာ organic chemistry အခြေခံ အစစ်တွေကို စပါမယ်။ အခုထိကတော့ ရိုးရိုး chemistry အခြေခံတွေပဲ ရှိပါသေးတယ်။ (ဆက်ရန်)

1 comments:

Ar Kar said...

Carbon ရဲ့ atomic number က 6 ပါ