စောစောက စာကို ပြန်ဆက်ပါမယ်။ အဲဒီ atom တွေက electron တွေက nucleus ကို ၀ိုင်းပတ်နေတယ်လို့ စောစောက ဆိုထားခဲ့ပါတယ်။ အဲဒီ electron တွေက သူ့ဘာသာသူ သွားချင်ရာသွားပြီး ပတ်ချင်သလို ပတ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ nucleus ကို အနီးဆုံးကနေ စပတ်နေတဲ့ shell ၁ ကနေ ၇ အထိ ခုနှစ်ခုတိတိ ပေါ်မှာ တည်ပြီး လှုပ်ရှားကြရတာပါ။ အဲဒီ အကာတစ်ခုချင်းစီမှာ s ၊ p၊ d နဲ့ f ဆိုတဲ့ orbit လေးခုတိတိရှိပါတယ်။ အဲဒီ လေးခုစလုံးမှာ သူတို့ရဲ့ ပုံသဏ္ဍန်ကိုယ်စီ electron ပါရှိနိုင်မှု ကိုယ်စီ ရှိကြပါတယ်။ Orbit အကြီးတွေက အသေးတွေကို အုပ်ပြီး ဖြစ်တည်နေပါတယ်။
S က စက်လုံး (sphere) သဏ္ဍန် လုံးလုံးဝိုင်းဝိုင်းရှိပါသတဲ့။ P ကတော့ စက်လုံး သဏ္ဍန်ပေမယ့်လည်း အပိုင်းလေးနှစ်ခုပါပါတယ်။ နည်းနည်းလေးလည်း အ၀န်းက ပိုကြီးသွားပါတယ်။အောက်မှာ ပုံနဲ့ ပြထားပါတယ်။

စောစောက nucleus ကိုပတ်ထားတဲ့ အကာ (shell) ခုနစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အကာတွေရဲ့ ပထမဆုံးတစ်ခုမှာ S orbital တစ်ခုပဲ ပါပါတယ်။ Shell number 2 မှာတော့ S နဲ့ P နှစ်ခုပါပါတယ်။ နောက် Shell number 3 မှာတော့ S, P, D သုံးခုပါပါတယ်။ Shell number 4 ကမှ စလို့ s,p,d,f လေးခုလုံး အပြည့်အစုံ ပတ်ပါတယ်။ s မှာ electron ၂လုံး ၀င်နိုင်ပါတယ်။ p မှာ electron ၆ လုံး ၀င်နိုင်ပါတယ်။ Px, Py, Pz ဆိုပြီး orbital အခွဲသုံးခုပါတာ အပေါ်မှာ ဖော်ပြထားခဲ့ပါပြီ။ d မှာ electron ၁၀လုံး ၀င်နိုင်ပါတယ်။ orbital အခွဲတစ်ခုမှာ electron ၂လုံး စီ ဖြည့်နိုင်တဲ့အတွက် d orbital မှာ လက်ခွဲငါးခုပါတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။ f orbital မှာ electron ၁၄ လုံးဝင်နိုင်ပါတယ်။
electron တွေကို နေရာချပုံနဲ့ ပတ်သတ်လို့ Aufbau Principle ဆိုတာကို ဆက်၇ှင်းပြပါမယ်။ Aufbau Principle က electron တွေကို nucleus နဲ့ အနီးဆုံး အကာကနေ ပြီးတော့ ဖြည့်သွားတယ်လို့ ဆိုပါတယ်။ orbital တွေအကုန်လုံးကို တစ်လုံးစီ ဖြည့်သွားလို့ ပြည့်သွားမှ ဆက်ပြီးတော့ ဒုတိယတစ်လုံးကို ဖြည့်ပါတယ်။ အဲဒီလိုဖြည့်သွားလိုက်တာ အကာတစ်ခုပြည့်မှ နောက်တစ်ခုကို ဆက်သွားပါတယ်။ ပုံနဲ့ ရှင်းပြတာက ပိုကောင်းတယ် ထင်မိလို့ ပုံဖြည့်ထားပါတယ်။ မျှားပြထားတဲ့အတိုင်း electron တွေကို စီသွားပါတယ်။

နောက်တစ်ပုံကို ပိုမိုရှင်းလင်းစေဖို့ရာ ရည်ရွယ်ပြီး ထပ်ဖြည့်ထားပါတယ်။ ရှစားကြည့်ပါ။ နားလည်ဖို့ လွယ်ကူမယ်လို့ ထင်မိပါတယ်။ electron တွေကို ဖြည့်ပုံ ဖြည့်နည်းပါ။
အခုဆိုရင် အင်မတန်အခြေခံကျတဲ့ atom သဘောတ၇ားကိုတော့ေ၇းလို့ ပြီးသလောက်ရှိသွားပါပြီ။ နောက်ထပ် အခြေခံ compound တွေ အကြောင်းကို ဆက်ရေးပါ့မယ်။
(ဆက်ရန်)
0 comments:
Post a Comment