Friday, October 2, 2009

O_o Basics- 6 hydrocarbons

ကနေ့မှာတော့ Organic Chemistry အခြေခံကို စေ၇းပါမယ်။ Organic Chemistry အကြောင်းကို ပြောမယ်ဆိုရင် Hydrocarbon တွေ အကြောင်းက မပါလို့မဖြစ်ပါဘူး။ Organic compound တွေအားလုံးကို Hydrocarbon တွေနဲ့ ဖွဲ့စည်းထားတာမို့ပါ။
Hydrocarbon ကို နှစ်မျိုးနှစ်စား ခွဲလို့ရပါတယ် - unsaturated နဲ့ saturated ပါ။ အလွယ်ဆုံး ပြောရရင် saturated ဆိုတာက မော်လီကျူးတွေ အားလုံးကြားမှာ single bond လို့ ခေါ်တဲ့ electron နှစ်လုံးကို မျှထားတဲ့ သဘောရှိတဲ့ ဓာတ်ပေါင်းတွေကို ခေါ်တာပါ။ unsaturated ဆိုတာကတော့ ဓာတ်ပေါင်းတစ်ခုမှာ double သို့ triple bond တွေ တစ်ခု သို့ တစ်ခုထက်ပိုပြီး ပါနေတာကို ပြောတာပါ။ saturated hydrocarbon က alkane တစ်မျိုးတစ်စားပဲ ရှိပေမယ့် unsaturated ကတော့ double နဲ့ triple bond နှစ်မျိုးရှိတဲ့အတွက် alkene - double bond နဲ့ alkyne - triple bond ဆိုပြီး နှစ်မျိုး ကွဲသွားပါတယ်။
Hydrocarbon တွေကို နာမည်ပေးပုံက ရှင်းပါတယ်။ Saturated hydrocarbon (single bond တွေပဲ ပါတဲ့ ဓာတ်ပေါင်းတွေ) ကိုဆိုရင် --ane နဲ့ အဆုံးသတ်ပေးပြီး အရှေ့ကတော့ ရောမအက္ခရာနံပါတ်တွေကို Carbon ဘယ်နှလုံးပါလဲပေါ်မူတည်ပြီးတော့ ဖြည့်စွက်ပေးပါတယ်။ ဥပမာ၊ Carbon ငါးလုံးပါရင် ရောမအက္ခရာ ငါး က pentose အဲတာကို --ane နဲ့ အဆုံးသတ်ပေးလိုက်တော့ Pentane ဖြစ်သွားပါတယ်။ Carbon ခြောက်လုံးပါရင် ရောမ အက္ခရာ ခြောက် - Hex ကိုယူပြီး --ane ဖြည့်ပေးလိုက်ပါတယ်။ အဲတော့ ဓာတ်ပေါင်းနာမည်က Hexane ပါ။ Unsaturated Hydrocarbon တွေမှာတော့ အဆုံးသတ်တွေက ကွဲပြားပါတယ်။ double bond တွေနဲ့ ဖွဲ့စည်းထားတဲ့ unsaturated hydrocarbon တွေကို --ene နဲ့ အဆုံးသတ်ပေးပြီး triple bond တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်ပေါင်းတွေကိုတော့ --yne နဲ့ အဆုံးသတ်ပေးပါတယ်။ ပါဝင်တဲ့ Carbon အရေအတွက်ကိုတော့ ရောမနံပါတ်တွေနဲ့ပဲ ပေးပါတယ်။
အဲဒီလို နာမည်ပေးနိုင်ဖို့အတွက် ရောမ နံပါတ်တွေကိုတော့ သိဖို့ လိုပါလိမ့်မယ်။ အောက်ဘက်မှာ ရောမ နံပါတ်တွေကို လိုအပ်သလို အသုံးပြုနိုင်ဖို့ ပုံနှင့်ဖော်ပြထားပါတယ်။
Hydrocarbon အကြောင်းကို ပြောမယ်ဆိုရင် Isomer အကြောင်းကိုလည်း ပြောရပါလိမ့်မယ်။ Isomer ဆိုတာက Hydrocarbon ဓာတ်ပေါင်းတစ်မျိုးတည်းကိုပဲ ဖွဲ့စည်းပုံ ပုံသဏ္ဍန်အရ ကွာခြားနေတာကို သုံးတဲ့ အသုံးအနှုန်းပါ။ ဥပမာပြရရင် saturated hydrocarbon တစ်မျိုးဖြစ်တဲ့ Propane ပါ။ အပေါ်က ဇယားမှာ ပြထားသလိုပဲ Propane မှာ Carbon သုံးလုံးပါပါတယ်။ ဖော်မြူလာက C3H8 ပါ။ Propane ကို ရိုးရိုးရှင်းရှင်း ဟောဒီလို တည်ဆောက်လို့ရပါတယ်။အဲဒီလို မတည်ဆောက်ပဲ နောက်တစ်နည်းနဲ့ တည်ဆောက်ကြည့်မယ် ဆိုရင် ဟောဒီလို ပုံသဏ္ဍန် ထွက်ပါတယ်။
နှစ်ခုလုံးမှာ Carbon နဲ့ Hydrogen အရေအတွက် အညီအမျှပဲ ပါကြပါတယ်။ ဖော်မြူလာကလည်း တူတူပါပဲ။ ဒါပေမယ့် တကယ်တမ်း တည်ဆောက်ကြည့်လိုက်တဲ့အခါကျတော့ ဓာတ်ပေါင်းဖွဲ့ပုံက နှစ်မျိုးကွဲသွားပါတယ်။ အဲဒီလို ကွဲပြားနေတတ်တဲ့ နာမည်တူ၊ ပါဝင်မှုညီမျှတဲ့ ဓာတ်ပေါင်းတွေကို Isomer တွေလို့ ခေါ်ကြပါတယ်။ ဒီလောက်ဆိုရင် စာဖတ်သူလည်း Isomer ကို သဘောပေါက်လောက်ပါပြီ။
Isomer တွေ နဲ့ ဓာတ်ပေါင်းဖွဲ့စည်းပုံ အကြောင်းတွေကို ပြောရင်းနဲ့ နောက်ထပ်ထူးခြားတာ တစ်ခုကိုဆက်ပြောပါ့မယ်။ တခါတရံကျတော့ electron ဆွဲအားအရ အတည်ငြိမ်ဆုံးသဏ္ဍန်ကို ဓာတ်ပေါင်းက ယူတဲ့အခါမှာ အ၀ိုင်းသဏ္ဍန် bond တွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို အခါမျိုးကျတော့ အဲဒီ ဓာတ်ပေါင်းရဲ့ နာမည်ရှေ့မှာ cyclo- ဆိုတာကို ပေါင်းထည့်ပေးရပါတယ်။ ဥပမာ၊ Carbon ငါးလုံးပါတဲ့ pentane ဆိုရင် cyclopentane ပေါ့။ အဲဒီလို မှည့်ခေါ်ရပါတယ်။ (*** cyclo-methane နဲ့ cyclo-ethane ရယ်လို့ မရှိပါဘူး။)
အခုဆိုရင် Hydrocarbon တွေအကြောင်း အခြေခံအတော်များများကို ဖော်ပြလို့ ပြီးသွားပါပြီ။ နောက်တစ်ပို့စ်ကျတော့မှပဲ Alkane, Alkene တွေ အကြောင်းကို ဆက်ေ၇းပါ့မယ်။

(ဆက်ရန်)

0 comments: