Saturday, October 3, 2009

O_o Basics 7 Isomers

ကနေ့ကတော့ Isomer တွေ အကြောင်းကို ဆက်ပြောပါ့မယ်။ Isomer ဆိုတာ ဖွဲ့စည်းပုံတူပြီးတော့ သဏ္ဍန်မတူတဲ့ ဓာတ်ပေါင်းတွေလို့ ပြောခဲ့ဖူးပါတယ်။ အဲလို ဓာတ်ပေါင်းတွေ သဏ္ဍန်ကွဲပြားနေတာကို Isomerism လို့ခေါ်ပါတယ်။ Isomerism လေးမျိုးရှိပါတယ် - Positional Isomerism, Skeletal Isomerism, Conformational Isomerism နဲ့ Geometric Isomerism ပါ။ နောက်ဆုံး နှစ်ခု - Conformational Isomerism နဲ့ Geometric Isomerism က Cyclo-alkane တွေနဲ့ပဲ သက်ဆိုင်ပါတယ်။

Positional Isomer
Positional Isomer တွေမှာ Hydrogen သို့ အခြားသော branching တွေက ကွဲပြားနေကြပါတယ်။ Carbon ကတော့ ဓာတ်ပေါင်းနှစ်ခုလုံးမှာ ပုံသဏ္ဍန်တူပဲ ဖွဲ့စည်းထားကြပါတယ်။

Skeletal Isomer
Skeletal Isomerism ကတော့ Carbon ကျောရိုးကွဲနေတဲ့ သဘာဝတူညီသော ဓာတ်ပေါင်းတွေမှာ ဖြစ်ပါတယ်။ Carbon ကျောရိုးပေါ့နော်။

Conformational Isomer
Conformation Isomer တွေကတော့ ဘယ်အစုက ဘယ်နေရာမှာ တည်ရှိနေတယ်ဆိုတာမျိုးထက် ထုထည်ပိုင်းဆိုင်ရာနဲ့ ပိုသက်ဆိုင်ပါတယ်။ Stereoisomerism နဲ့ လုံးလုံးလျားလျားသက်ဆိုင်ပါတယ်။ အစုဝင်တွေ နေရာပြောင်းချင်မှ ပြောင်းမှာပေမယ့် hybrid bond တွေကြောင့် Bond angle ဒီဂရီတွေ ကွဲပြားသွားတာမျိုးပါ။

Geometric Isomerism
Geometric Isomer တွေမှာ cyclo-alkane တွေရဲ့ နေရာတည်ရှိပုံတွေ ကွာခြားသွားတဲ့အတွက် Isomer တွေ ဖြစ်ပေါ်လာတာပါ။ Cyclic ring တွေရဲ့ တည်ရှိပုံသဏ္ဍန်တွေက တူညီပေမယ့် hydrogen, carbon နဲ့ hydroxyl bond တွေ ပေါင်းစပ်ပါဝင်နေပုံက ကွာခြားနေတဲ့အတွက် Geometric Isomerism ပေါ်ပေါက်လာတာပါ။


Friday, October 2, 2009

O_o Basics- 6 hydrocarbons

ကနေ့မှာတော့ Organic Chemistry အခြေခံကို စေ၇းပါမယ်။ Organic Chemistry အကြောင်းကို ပြောမယ်ဆိုရင် Hydrocarbon တွေ အကြောင်းက မပါလို့မဖြစ်ပါဘူး။ Organic compound တွေအားလုံးကို Hydrocarbon တွေနဲ့ ဖွဲ့စည်းထားတာမို့ပါ။
Hydrocarbon ကို နှစ်မျိုးနှစ်စား ခွဲလို့ရပါတယ် - unsaturated နဲ့ saturated ပါ။ အလွယ်ဆုံး ပြောရရင် saturated ဆိုတာက မော်လီကျူးတွေ အားလုံးကြားမှာ single bond လို့ ခေါ်တဲ့ electron နှစ်လုံးကို မျှထားတဲ့ သဘောရှိတဲ့ ဓာတ်ပေါင်းတွေကို ခေါ်တာပါ။ unsaturated ဆိုတာကတော့ ဓာတ်ပေါင်းတစ်ခုမှာ double သို့ triple bond တွေ တစ်ခု သို့ တစ်ခုထက်ပိုပြီး ပါနေတာကို ပြောတာပါ။ saturated hydrocarbon က alkane တစ်မျိုးတစ်စားပဲ ရှိပေမယ့် unsaturated ကတော့ double နဲ့ triple bond နှစ်မျိုးရှိတဲ့အတွက် alkene - double bond နဲ့ alkyne - triple bond ဆိုပြီး နှစ်မျိုး ကွဲသွားပါတယ်။
Hydrocarbon တွေကို နာမည်ပေးပုံက ရှင်းပါတယ်။ Saturated hydrocarbon (single bond တွေပဲ ပါတဲ့ ဓာတ်ပေါင်းတွေ) ကိုဆိုရင် --ane နဲ့ အဆုံးသတ်ပေးပြီး အရှေ့ကတော့ ရောမအက္ခရာနံပါတ်တွေကို Carbon ဘယ်နှလုံးပါလဲပေါ်မူတည်ပြီးတော့ ဖြည့်စွက်ပေးပါတယ်။ ဥပမာ၊ Carbon ငါးလုံးပါရင် ရောမအက္ခရာ ငါး က pentose အဲတာကို --ane နဲ့ အဆုံးသတ်ပေးလိုက်တော့ Pentane ဖြစ်သွားပါတယ်။ Carbon ခြောက်လုံးပါရင် ရောမ အက္ခရာ ခြောက် - Hex ကိုယူပြီး --ane ဖြည့်ပေးလိုက်ပါတယ်။ အဲတော့ ဓာတ်ပေါင်းနာမည်က Hexane ပါ။ Unsaturated Hydrocarbon တွေမှာတော့ အဆုံးသတ်တွေက ကွဲပြားပါတယ်။ double bond တွေနဲ့ ဖွဲ့စည်းထားတဲ့ unsaturated hydrocarbon တွေကို --ene နဲ့ အဆုံးသတ်ပေးပြီး triple bond တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်ပေါင်းတွေကိုတော့ --yne နဲ့ အဆုံးသတ်ပေးပါတယ်။ ပါဝင်တဲ့ Carbon အရေအတွက်ကိုတော့ ရောမနံပါတ်တွေနဲ့ပဲ ပေးပါတယ်။
အဲဒီလို နာမည်ပေးနိုင်ဖို့အတွက် ရောမ နံပါတ်တွေကိုတော့ သိဖို့ လိုပါလိမ့်မယ်။ အောက်ဘက်မှာ ရောမ နံပါတ်တွေကို လိုအပ်သလို အသုံးပြုနိုင်ဖို့ ပုံနှင့်ဖော်ပြထားပါတယ်။
Hydrocarbon အကြောင်းကို ပြောမယ်ဆိုရင် Isomer အကြောင်းကိုလည်း ပြောရပါလိမ့်မယ်။ Isomer ဆိုတာက Hydrocarbon ဓာတ်ပေါင်းတစ်မျိုးတည်းကိုပဲ ဖွဲ့စည်းပုံ ပုံသဏ္ဍန်အရ ကွာခြားနေတာကို သုံးတဲ့ အသုံးအနှုန်းပါ။ ဥပမာပြရရင် saturated hydrocarbon တစ်မျိုးဖြစ်တဲ့ Propane ပါ။ အပေါ်က ဇယားမှာ ပြထားသလိုပဲ Propane မှာ Carbon သုံးလုံးပါပါတယ်။ ဖော်မြူလာက C3H8 ပါ။ Propane ကို ရိုးရိုးရှင်းရှင်း ဟောဒီလို တည်ဆောက်လို့ရပါတယ်။အဲဒီလို မတည်ဆောက်ပဲ နောက်တစ်နည်းနဲ့ တည်ဆောက်ကြည့်မယ် ဆိုရင် ဟောဒီလို ပုံသဏ္ဍန် ထွက်ပါတယ်။
နှစ်ခုလုံးမှာ Carbon နဲ့ Hydrogen အရေအတွက် အညီအမျှပဲ ပါကြပါတယ်။ ဖော်မြူလာကလည်း တူတူပါပဲ။ ဒါပေမယ့် တကယ်တမ်း တည်ဆောက်ကြည့်လိုက်တဲ့အခါကျတော့ ဓာတ်ပေါင်းဖွဲ့ပုံက နှစ်မျိုးကွဲသွားပါတယ်။ အဲဒီလို ကွဲပြားနေတတ်တဲ့ နာမည်တူ၊ ပါဝင်မှုညီမျှတဲ့ ဓာတ်ပေါင်းတွေကို Isomer တွေလို့ ခေါ်ကြပါတယ်။ ဒီလောက်ဆိုရင် စာဖတ်သူလည်း Isomer ကို သဘောပေါက်လောက်ပါပြီ။
Isomer တွေ နဲ့ ဓာတ်ပေါင်းဖွဲ့စည်းပုံ အကြောင်းတွေကို ပြောရင်းနဲ့ နောက်ထပ်ထူးခြားတာ တစ်ခုကိုဆက်ပြောပါ့မယ်။ တခါတရံကျတော့ electron ဆွဲအားအရ အတည်ငြိမ်ဆုံးသဏ္ဍန်ကို ဓာတ်ပေါင်းက ယူတဲ့အခါမှာ အ၀ိုင်းသဏ္ဍန် bond တွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို အခါမျိုးကျတော့ အဲဒီ ဓာတ်ပေါင်းရဲ့ နာမည်ရှေ့မှာ cyclo- ဆိုတာကို ပေါင်းထည့်ပေးရပါတယ်။ ဥပမာ၊ Carbon ငါးလုံးပါတဲ့ pentane ဆိုရင် cyclopentane ပေါ့။ အဲဒီလို မှည့်ခေါ်ရပါတယ်။ (*** cyclo-methane နဲ့ cyclo-ethane ရယ်လို့ မရှိပါဘူး။)
အခုဆိုရင် Hydrocarbon တွေအကြောင်း အခြေခံအတော်များများကို ဖော်ပြလို့ ပြီးသွားပါပြီ။ နောက်တစ်ပို့စ်ကျတော့မှပဲ Alkane, Alkene တွေ အကြောင်းကို ဆက်ေ၇းပါ့မယ်။

(ဆက်ရန်)

O_o Basics- 5 Carbon

Carbon ဟာ ကမ္ဘာပေါ်က သက်ရှိတွေ အားလုံးအတွက် အရေးပါတဲ့ element တစ်ခုပါ။ သက်ရှိသက်မဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရာအားလုံးနီးပါးကို C, H, O နဲ့ N လို့ခေါ်တဲ့ Oxygen, Carbon, Hydrogen, Nitrogen တို့နဲ့ ဖွဲ့စည်းထားပါတယ်။ သက်၇ှိတွေအားလုံး ဖွဲ့စည်းထားတဲ့ မော်လီကျူးလေးတွေကိုလည်း Carbon ပါတဲ့ bond တွေအများစုနဲ့ပဲ ဖွဲ့စည်းထားပါတယ်။ သက်ရှိတွေရဲ့ အစာအာဟာရကိုပဲကြည့်ဦးမလား Carbon ပါပါတယ်။ အဲတာကြောင့်မို့ Carbon အကြောင်းကို အခုလို တစ်ပို့စ် သပ်သပ်တင်ဖို့ ကြိုးစားရတာပါ။

Carbon ရဲ့ atomic number က ၁၂ ပါ။ သူ့မှာ electron ၄ လုံးတိတိ အပြင်ဘက်အကျဆုံး orbit မှာပိုနေပါတယ်။ ဒါကြောင့်မို့ bond လေးခု ဖြစ်တည်နိုင်ပါတယ်။ များသောအားဖြင့် သဘာဝအတိုင်းအရကတော့ H, O နဲ့ N တွေနဲ့ပဲ ဓာတ်ပြုတတ်ပါတယ်။

Carbon with 4 bonds

အလွယ်ဆုံးဥပမာပေးရင် CH4 သို့ methane ပါပဲ။ Carbon တစ်လုံးကို Hydrogen လေးလုံးက ၀ိုင်းဝန်းဓာတ်ပြုထားပါတယ် (စကားလုံးကြီးက ကြောက်စရာကြီးနော်၊ ၀ိုင်းဝန်း ဓာတ်ပြုတယ်ဆိုတော့ကာ..:P) Bond angle လို့ခေါ်တဲ့ Hydrogen တစ်လုံးနဲ့ တစ်လုံးကြားက ဒေါင့်ချိုး ဒီဂရီက ၁၀၉.၅ ပါ။ စောစောက P orbital တွေဟာ ၉၀ ဒီဂရီ ထောင့်ရှိကြတယ် ပြောခဲ့ဖူးမယ် ထင်ပါတယ်။ အခုကျတော့ ဘာဖြစ်လို့ P orbital မှာ ဖြစ်ရက်နဲ့ ၁၀၉.၅ ဒီဂရီ ရှိရလဲဆိုတာကို ပြောရရင် ဒီ bond မှာ S orbital နဲ့ P orbital တွေက electron တွေက H မော်လီကျူးတွေကို ဆွဲငင်နေလို့ပါပဲ။ sp3-hybridized bonds လို့ ခေါ်လို့ရပါတယ်။ electron တွေဟာ သူတို့အတွက် တည်မြဲမှု အများဆုံးအခြေအနေကိုပဲ ယူကြတာ ဖြစ်တဲ့အတွက် bond အခြေအနေတွေကို Organic chemistry မှာ ပုံသေသတ်မှတ်လို့ မရပါဘူး။ methane မော်လီကျူးပုံသဏ္ဍန်ကို အောက်မှာ ပြသထားပါတယ်။

Carbon with 3 Atoms

ဒီတစ်ခါ ဥပမာပေးမယ့် compound ကတော့ ethene ပါ။ ethene မှာ Carbon နှစ်လုံးနဲ့ Hydrogen လေးလုံး ပါပါတယ်။ အဆင်အပြေဆုံး electron အနေအထားကို အလိုအလျောက် ပြောင်းလဲသွားတာမို့ ဒီ compound မှာ sp-hydrizied bond တွေ ပါပါတယ်။ အဲဒီလို hybrid ဖြစ်သွားတဲ့အတွက် P orbital တွေချည်းသက်သက် ၉၀ ဒီဂရီကနေပြီးတော့ hybrid ၁၂၀ ဒီဂရီကို ပြောင်းလဲသွားပါတယ်။ ပါဝင်တဲ့ Carbon နှစ်လုံးရဲ့ ကြားမှာတော့ double bond နဲ့ ဆက်စပ်ထားပါတယ်။ အောက်မှာ ethene ရဲ့ ဖွဲ့စည်းပုံကို ပြသထားပါတယ်။

Carbon with 2 Atoms

ဒီတစ်ခါတော့ acetylene ကို လွယ်ကူတယ်လို့ ယူဆတာမို့ အဲတာနဲ့ ဥပမာပေးပါမယ်။ acetylene မှာ Carbon နှစ်လုံးပါပါတယ်။ ကြားမှာ triple bond နဲ့ ဆက်စပ်ထားလို့ အဲဒီ Carbon နှစ်လုံးကြားမှာ electron ၆လုံးကို မျှဝေထားတယ်လို့ ပြောလို့ရပါတယ်။ Carbon နှစ်လုံးရဲ့ တစ်ဘက်စီမှာတော့ Hydrogen တစ်လုံးစီက ပေါင်းစပ်တည်ရှိနေပါတယ်။ Bond angle နှစ်ခုလုံးက ၁၈၀ ဒီဂရီပါ။ အောက်ဘက်မှာ ဖွဲ့စည်းထားပုံကို နမူနာပြထားပါတယ်။
ကာဗွန်အကြောင်းကတော့ ဒီလောက်ဆိုရင် တော်လောက်ပြီလို့ ယူဆပါတယ်။ နောက်တစ်ပို့စ်မှာ organic chemistry အခြေခံ အစစ်တွေကို စပါမယ်။ အခုထိကတော့ ရိုးရိုး chemistry အခြေခံတွေပဲ ရှိပါသေးတယ်။ (ဆက်ရန်)

O_o Basics- 4 Pi & Sigma

စောစောကပို့စ်က ပြောထားသလို ကာဗွန် အကြောင်းကို ဆက်ပြောပါ့မယ်။ မပြောခင်မှာ bonding အကြောင်း နည်းနည်းကျန်သေးတာကို ဆက်ပြောပြပါ့မယ်။ ပို့စ်၃ မှာ သဘာဝအတိုင်းဖြစ်တည်နေသမျှ အရာအားလုံးဟာ covalent bond တွေကြောင့်ချည်း ဖြစ်ကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ Covalent bond တွေမှာ တစ်ခုသော element က ပိုပြီးတော့ ဆွဲငင်အား ကောင်းတာမျိုးကို တွေ့ရတတ်ပါတယ်။ အဲဒီအခါကျတော့ electron တွေဟာ ဆွဲငင်အားပိုသာတဲ့ဘက်ကို ပိုမိုနီးကပ်သွားတဲ့အတွက် Polar bond ဆိုတာ ဖြစ်ပေါ်လာပါတယ်။ အဲလို ဖြစ်လာရင် formal charge ဆိုတာလည်း ဖြစ်လာပါတယ်။ အမှန်တော့ formal charge ဆိုတာ electron မျှတာ သို့ ပေးလှူတာ သို့ လက်ခံတာတွေကြောင့် element မှာ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်ဓာတ်ပါ။ electron လက်ခံတဲ့ဘက်က အနုတ်လက္ခဏာပြပြီး ပေးဝေတဲ့ဘက်က အပေါင်းဓာတ်ကို ရပါတယ်။ electron မှာ အနုတ်ဓာတ် (အမဓာတ်) ရှိလို့ပါ။ အဲဒီလို နောက်ဆုံးရလဒ်အဖြစ်ရတဲ့ လျှပ်စစ်ဓာတ် (formal charge) ကို တွက်ချက်ပြီး ထုတ်ယူလို့ရပါတယ်။ ဖော်မြူလာကတော့ -

formal charge
=
group number - unshared electrons - half of shared electrons


များသောအားဖြင့် Polar covalent bond တွေမှာ အဲဒီ ရလဒ်ကို တွက်ထုတ်ဖို့ လိုလေ့ရှိတတ်ပါတယ်။ Polar covalent bonding နှစ်မျိုးရှိပါတယ်။ Sigma နဲ့ Pi ပါ။ Sigma bonding ကတော့ ရှင်းပါတယ်။ S orbital တွေက တစ်ခုနဲ့တစ်ခု ထပ်နေပါတယ်။ P orbital ဆိုရင်တော့ ကျောချင်းကပ်နေတတ်ကြပါတယ်။ P orbital နဲ့ S orbital ဆိုရင်တော့ S orbital က P orbital ရဲ့ ခေါင်းဘက်မှာ သွားထပ်နေတတ်ပါတယ်။ အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်။

Pi bond မှာတော့ Sigma နဲ့ မတူပဲ P orbital မှာပဲ ဖြစ်လေ့ရှိပါတယ်။ မျဉ်းပြိုင် တည်ရှိနေကြတဲ့ P orbital နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ကျောချင်း ထပ်နေရုံတင်မကပဲ ဘေးချင်းပါ ထပ်နေတာပါ။ အဲဒီလို တည်ရှိနေရင် အဲတာ Pi bond ပါ။ အောက်မှာ Pi bond ကိုပုံနဲ့ ပြသထားပါတယ်။

နောက်တစ်ပို့စ်မှာ Carbon အကြောင်းကို ဆက်ရေးပါ့မယ်။

(ဆက်ရန်)

Thursday, October 1, 2009

O_o Basics - 3

အခုဆက်ပြီး bonding တွေအကြောင်းကို ရေးကြည့်ပါမယ်။ အရမ်းကို လွယ်ကူနေရင်လည်း ကျော်သာသွားကြပါ။ အခြေခံမတင်ရသေးလို့ အရင်တင်ဖြစ်အောင်လို့ အမြန်ဆုံးရေးသားသွားပါ့မယ်။

ပထမဆုံး element တွေ အကုန်လုံးကို စုထည့်ထားတဲ့ Periodic Table အကြောင်းစပြောပ့ါမယ်။ PTလို့ပဲ ခေါ်ပါရစေ။ PTမှာ ဒေါင်လိုက် ၇တန်းပါပြီး အလျားလိုက် ၇တန်းပါပါတယ်။ အောက်မှာ ပုံနှင့်တကွ ဖော်ပြထားပါတယ်။
အဲဒီ periodic tableကိုပဲ electron ပါ၇ှိမှုနဲ့ ခွဲခြားပြထားတာကို ဆက်လက်ရှုစားကြည့်ပါ။
နည်းနည်းဆက်ရှင်းရင် ဒေါင်လိုက်တန်း တွေမှာ တူနေကြတဲ့ element တွေက အရည်အသွေးနဲ့ သဘာဝတွေ တူညီကြပြီးတော့ အလျားလိုက်တန်းတွေမှာ တူညီတဲ့ element တွေကတော့ အကာ အရေအတွက် တူညီကြပါတယ်။ ပထမဆုံး element နှစ်မျိုးဖြစ်တဲ့ Hydrogen နဲ့ Helium ကလွဲရင် ကျန်တဲ့ element တွေ အားလုံး shell အကာ တစ်ခုထက်ပိုပြီး ပါကြပါတယ်။ Periodic Table ဆိုတာ element တွေကို စုစည်းထားခြင်းသက်သက်ပါပဲ။ ဒီလောက်ဆိုရင် စာဖတ်သူလည်း periodic table ကို နားလည်လောက်ပြီလို့ထင်ပါတယ်။

အခုနောက်ပိုင်းမှာ element တွေ တစ်ခုနဲ့ တစ်ခု ဓာတ်ပြုပုံကို ရေးသားပါမယ်။ element တွေကို သတ္တု -metal၊ သတ္တုမဟုတ်သော element များ (ဘယ်လို ဗမာလို ခေါ်ရမှန်း မသိတော့လို့ပါ :P) - nonmetals ၊ ဟေလိုဂျင် ဓာတ်ငွေ့ - Halogen ဆိုပြီး သုံးမျိုး သုံးစားအပြင် ကန့်လန့် အခြေအနေမှာရှိတဲ့ element များကိုလည်း အမျိုးအစားထပ်ခွဲလို့ရပါသေးတယ်။ အပေါ်က ပထမပုံကို ရှုစားပါ။

Ionic Bonding

ဒီဓာတ်ပြုမှုက metal တွေနဲ့ non-metal တွေ ကြားမှာဖြစ်ပါတယ်။ တချို့သော element တွေရဲ့electron တွေက အပြင်ဆုံး shell ထဲကို တစ်ခုတည်း ပို့ထားသလို ပိုနေစေတတ်ပါတယ်။ အဲလိုပဲ တချို့သော element တွေရဲ့ ဖွဲ့စည်းပုံကျတော့လည်း shell တစ်ခုကို အပြည့်အ၀မဖြစ်စေပဲ တစ်လုံးတည်းသော electron သို့ နှစ်လုံးသော electron စသဖြင့် လိုနေစေပါတယ်။ အဲဒီလိုဖြစ်နေတဲ့အခါမှာ လိုအပ်တဲ့ electron ကို ပေးနိုင်တဲ့ ပိုလျှံနေတဲ့ element က လိုအပ်နေတဲ့ element အနီးအနားကို ရောက်သွားခဲ့လျှင်၊ အကယ်ရ်ျ တစ်ခုသော element က နောက်တစ်ခုထက်ပိုပြီးတော့ ဆွဲငင်အား ကောင်းခဲ့ရင် အားနည်းပြီး electron လည်းပိုနေတဲ့ element က သူ့ရဲ့ ပိုနေတဲ့ electron ကို စွန့်လွှတ်လိုက်ရပါတယ်။ အဲဒီလို စွန့်လွှတ်လိုက်တဲ့အတွက် နှစ်ခုလုံးသော element တွေဟာ neutral မဟုတ်တော့ပဲ လျှပ်စစ်ဓာတ်ကို ရရှိလာပါတယ်။ electron တစ်ခု ပေးလိုက်သူက အပေါင်းဓာတ်ကို သို့ ဖိုဓာတ်ကို ရရှိပြီး၊ ယူလိုက်သူက အနှုတ်ဓာတ် သို့ မဓာတ်တွေကို ရလဒ်အဖြစ် ရရှိကြပါတယ်။ အဲဒိလို ဖြစ်သွားတဲ့အတွက် element နှစ်ခုလုံးရဲ့ elelctron တည်မြဲမှုဟာ ပိုမို ခိုင်မာသွားပါတယ်။

Covalent Bonding

ဒီတစ်မျိုးကတော့ အပေါ်က ionic bonding လို တစ်ဖက်က ပိုအားကောင်းစရာမလိုတော့ပါဘူး။ ပိုနေတဲ့ electron တွေကို တစ်ဘက်ဘက်က လုံးဝစွန့်လွှတ်ဖို့ မလိုတော့လို့ပါ။ Covalent bonding ဟာ nonmetal နဲ့ ဓာတ်ငွေ့ တွေမှာပဲ အများစု ဖြစ်လေ့ရှိတတ်ကြပါတယ်။ element နှစ်ခု သို့ နှစ်ခုထက်ပိုမိုပါဝင်ပြီး cavalent bonding ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးသော atom တွေဟာ shellကို ဖြည့်စည်းဖို့ electron တစ်လုံး သို့ တစ်လုံးထက်ပိုမို ရှိနေရင် အဲဒီ လိုအပ်နေတဲ့ electron အရေအတွက်ကို မျှတဖို့ အတွက် ပေါင်းစည်းနိုင်ကြပါတယ်။ အဲဒီလို ပေါင်းစည်းလိုက်တဲ့အခါ အဲဒီ atom နှစ်ခုဟာ တစ်ပူးတည်း ဖြစ်သွားကြပါတယ်။ သဘာဝအတိုင်း တည်ရှိနေကြတဲ့ အရာအားလုံးဟာ covalent bond တွေကြောင့် ဖြစ်လာကြတာများပါတယ်။ အောက်မှာ နမူနာကို ပုံနဲ့ ပြထားပါတယ်။ Oxygen နဲ့ Hydrogen နှစ်လုံး ပေါင်းစပ်လို့ ရေဖြစ်လာပုံပါ။

ဒီလောက်ဆိုရင် အဓိက ဓာတ်ပြုပုံနှစ်မျိုးကို အကျဥ်းချုပ် ဖော်ပြပြီးပြီလို့ထင်ပါတယ်။ နောက်ထပ် ဆွဲငင်အား နှစ်မျိုး ( Van der Waals Force နဲ့ Electrostatic Charge) တို့ကြောင့်လည်း bonding တွေ ဖြစ် လာ နိုင်ပါသေးတယ်။

အခုဆိုရင် အလွန်အခြေခံကျတဲ့ အရာများကို ရေးသားလို့ ပြီးသွားပါပြီ။ နောက်တစ်ပို့စ်မှာ သက်ရှိတွေအတွက် အရေးအကြီးဆုံး element တစ်ခု ဖြစ်တဲ့ carbon အကြောင်း ဆက်ေ၇းပါ့မယ်။

(ဆက်၇န်)

O_o Basics-2

စောစောက စာကို ပြန်ဆက်ပါမယ်။ အဲဒီ atom တွေက electron တွေက nucleus ကို ၀ိုင်းပတ်နေတယ်လို့ စောစောက ဆိုထားခဲ့ပါတယ်။ အဲဒီ electron တွေက သူ့ဘာသာသူ သွားချင်ရာသွားပြီး ပတ်ချင်သလို ပတ်နေတာ မဟုတ်ပါဘူး။ သူတို့ဟာ nucleus ကို အနီးဆုံးကနေ စပတ်နေတဲ့ shell ၁ ကနေ ၇ အထိ ခုနှစ်ခုတိတိ ပေါ်မှာ တည်ပြီး လှုပ်ရှားကြရတာပါ။ အဲဒီ အကာတစ်ခုချင်းစီမှာ s ၊ p၊ d နဲ့ f ဆိုတဲ့ orbit လေးခုတိတိရှိပါတယ်။ အဲဒီ လေးခုစလုံးမှာ သူတို့ရဲ့ ပုံသဏ္ဍန်ကိုယ်စီ electron ပါရှိနိုင်မှု ကိုယ်စီ ရှိကြပါတယ်။ Orbit အကြီးတွေက အသေးတွေကို အုပ်ပြီး ဖြစ်တည်နေပါတယ်။

S က စက်လုံး (sphere) သဏ္ဍန် လုံးလုံးဝိုင်းဝိုင်းရှိပါသတဲ့။ P ကတော့ စက်လုံး သဏ္ဍန်ပေမယ့်လည်း အပိုင်းလေးနှစ်ခုပါပါတယ်။ နည်းနည်းလေးလည်း အ၀န်းက ပိုကြီးသွားပါတယ်။အောက်မှာ ပုံနဲ့ ပြထားပါတယ်။

ဒီက ယူထားပါတယ်

အပေါ်က ပုံမှာ ပြထားတဲ့အတိုင်းပဲ S orbital က လုံးလုံးဝိုင်းဝိုင်းဖြစ်နေပြီးတော့ P orbital ကတော့ အလုံးနှစ်လုံး ဆက်ထားသလို သဏ္ဍန်နဲ့ တည်ရှိပါတယ်။ P orbital ၃ မျိုး ရှိပါတယ်။ X, Y နဲ့ Z ပါ။ အဲဒီ သုံးမျိုးလုံးကို electron နှစ်လုံးက ဖြည့်နိုင်ပါတယ်။ P orbital ကနေစပြီး အဲဒီလို ပုံသဏ္ဍန်ဖြစ်သွားတာ d နဲ့ f မှာလည်းပဲ အဲဒီလို သဏ္ဍန်ပဲ ရှိပြန်ပါတယ်။ ဒါပေမယ့် x,y,z လိုမျိုး orbit အခွဲလေးတွေ အရေအတွက်ကတော့ ပိုမိုများပြားလာပါတယ်။

စောစောက nucleus ကိုပတ်ထားတဲ့ အကာ (shell) ခုနစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အကာတွေရဲ့ ပထမဆုံးတစ်ခုမှာ S orbital တစ်ခုပဲ ပါပါတယ်။ Shell number 2 မှာတော့ S နဲ့ P နှစ်ခုပါပါတယ်။ နောက် Shell number 3 မှာတော့ S, P, D သုံးခုပါပါတယ်။ Shell number 4 ကမှ စလို့ s,p,d,f လေးခုလုံး အပြည့်အစုံ ပတ်ပါတယ်။ s မှာ electron ၂လုံး ၀င်နိုင်ပါတယ်။ p မှာ electron ၆ လုံး ၀င်နိုင်ပါတယ်။ Px, Py, Pz ဆိုပြီး orbital အခွဲသုံးခုပါတာ အပေါ်မှာ ဖော်ပြထားခဲ့ပါပြီ။ d မှာ electron ၁၀လုံး ၀င်နိုင်ပါတယ်။ orbital အခွဲတစ်ခုမှာ electron ၂လုံး စီ ဖြည့်နိုင်တဲ့အတွက် d orbital မှာ လက်ခွဲငါးခုပါတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။ f orbital မှာ electron ၁၄ လုံးဝင်နိုင်ပါတယ်။

electron တွေကို နေရာချပုံနဲ့ ပတ်သတ်လို့ Aufbau Principle ဆိုတာကို ဆက်၇ှင်းပြပါမယ်။ Aufbau Principle က electron တွေကို nucleus နဲ့ အနီးဆုံး အကာကနေ ပြီးတော့ ဖြည့်သွားတယ်လို့ ဆိုပါတယ်။ orbital တွေအကုန်လုံးကို တစ်လုံးစီ ဖြည့်သွားလို့ ပြည့်သွားမှ ဆက်ပြီးတော့ ဒုတိယတစ်လုံးကို ဖြည့်ပါတယ်။ အဲဒီလိုဖြည့်သွားလိုက်တာ အကာတစ်ခုပြည့်မှ နောက်တစ်ခုကို ဆက်သွားပါတယ်။
ပုံနဲ့ ရှင်းပြတာက ပိုကောင်းတယ် ထင်မိလို့ ပုံဖြည့်ထားပါတယ်။ မျှားပြထားတဲ့အတိုင်း electron တွေကို စီသွားပါတယ်။

နောက်တစ်ပုံကို ပိုမိုရှင်းလင်းစေဖို့ရာ ရည်ရွယ်ပြီး ထပ်ဖြည့်ထားပါတယ်။ ရှစားကြည့်ပါ။ နားလည်ဖို့ လွယ်ကူမယ်လို့ ထင်မိပါတယ်။ electron တွေကို ဖြည့်ပုံ ဖြည့်နည်းပါ။
အခုဆိုရင် အင်မတန်အခြေခံကျတဲ့ atom သဘောတ၇ားကိုတော့ေ၇းလို့ ပြီးသလောက်ရှိသွားပါပြီ။ နောက်ထပ် အခြေခံ compound တွေ အကြောင်းကို ဆက်ရေးပါ့မယ်။

(ဆက်ရန်)

Organics.. Organics! (O_o) Basics-1

ကနေ့ကတော့ မကိုင်တာ ကြာတဲ့ Organic Chemistry ကို တို့ကြည့်ပါမယ်။ မှားတာရှိရင် ဝေဖန်လေကန် ပြောဆိုဖို့ ဖိတ်ခေါ်ပါတယ်။ အရင်တုန်းကလည်း မရေးဖူးသေးတော့ကာ အစကစရေးရမယ်လို့ ထင်မိလို့ အခြေခံနည်းနည်းကို ရေးပါရစေ။

ကမ္ဘာပေါ်မှာ နဲ့ အာကာသတစ်ခွင်မှာ ဖြစ်ပေါ်နေသမျှ ရုပ်ဝတ္ထုအားလုံးကို element ပစ္စည်းလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ element တွေကို proton, neutron, electron လို့ ခေါ်တဲ့ အမှုန်လေးသုံးမျိုးပါတဲ့ atom တွေနဲ့ ပေါင်းစည်း ဖွဲ့တည်ထားပါတယ်။ အဲလို ဖွဲ့ထားတဲ့ အမှုန်လေးတွေမှာ proton နဲ့ neutron က အလယ်ခေါင်တည့်တည့်မှာ ပေါင်းစပ်ဖြစ်တည်နေတော့ Nucleus ၇ယ်လို့ ဖြစ်လာပါတယ်။ အဲဒီ nucleus ကိုပတ်နေတာက electron တွေပါ။ proton တွေမှာ ဖိုဓာတ် (positive charge) ပါရှိပါတယ်။ electron တွေမှာ မဓာတ် (negative charge) ရှိပါတယ်။ neutron တွေကတော့ နာမည်အတိုင်းပဲ neutral charge ပါ။ atom တစ်ခုရဲ့ ယေဘုယျပုံသဏ္ဍန်ကို အောက်မှာ ပုံနဲ့တကွ ပြထားပါတယ်။

စောစောကပြောနေတာလေးကို ပြန်ဆက်ရမယ်ဆိုရင် proton အရေအတွက်ဟာ electron အရေအတွက်နဲ့ အမြဲညီပါတယ်။ Atomic Number ဟာ proton သို့ electron အရေအတွက်ကို ခေါ်တာဖြစ်ပါတယ်။ Mass Number ဆိုတာကတော့ proton နဲ့ neutron အရေအတွက်ကို ပေါင်းထားတာဖြစ်ပါတယ်။ Atom တွေဟာ တစ်မျိုးထဲကိုပဲ မူကွဲ နှစ်မျိုးသုံးမျိုး ရှိနိုင်ပါသေးတယ်။ အဲဒီ မူကွဲတွေကို သဘာဝအတိုင်းတွေ့ရရင် Isotopes လို့ခေါ်ပါတယ်။ Isotopes တွေမှာ proton နဲ့ electron အရေအတွက် ညီတူညီမျှပါပြီး neutronအရေအတွက်တော့ ကွဲပြားသွားပါတယ်။ Atomic Mass ကတော့ အဲဒီ Isotope တွေအားလုံးကို ပျမ်းမျှ ရှာထားတဲ့ အရေအတွက်တစ်ခုပါ။

(ဆက်ရန်)