Thursday, October 1, 2009

O_o Basics - 3

အခုဆက်ပြီး bonding တွေအကြောင်းကို ရေးကြည့်ပါမယ်။ အရမ်းကို လွယ်ကူနေရင်လည်း ကျော်သာသွားကြပါ။ အခြေခံမတင်ရသေးလို့ အရင်တင်ဖြစ်အောင်လို့ အမြန်ဆုံးရေးသားသွားပါ့မယ်။

ပထမဆုံး element တွေ အကုန်လုံးကို စုထည့်ထားတဲ့ Periodic Table အကြောင်းစပြောပ့ါမယ်။ PTလို့ပဲ ခေါ်ပါရစေ။ PTမှာ ဒေါင်လိုက် ၇တန်းပါပြီး အလျားလိုက် ၇တန်းပါပါတယ်။ အောက်မှာ ပုံနှင့်တကွ ဖော်ပြထားပါတယ်။
အဲဒီ periodic tableကိုပဲ electron ပါ၇ှိမှုနဲ့ ခွဲခြားပြထားတာကို ဆက်လက်ရှုစားကြည့်ပါ။
နည်းနည်းဆက်ရှင်းရင် ဒေါင်လိုက်တန်း တွေမှာ တူနေကြတဲ့ element တွေက အရည်အသွေးနဲ့ သဘာဝတွေ တူညီကြပြီးတော့ အလျားလိုက်တန်းတွေမှာ တူညီတဲ့ element တွေကတော့ အကာ အရေအတွက် တူညီကြပါတယ်။ ပထမဆုံး element နှစ်မျိုးဖြစ်တဲ့ Hydrogen နဲ့ Helium ကလွဲရင် ကျန်တဲ့ element တွေ အားလုံး shell အကာ တစ်ခုထက်ပိုပြီး ပါကြပါတယ်။ Periodic Table ဆိုတာ element တွေကို စုစည်းထားခြင်းသက်သက်ပါပဲ။ ဒီလောက်ဆိုရင် စာဖတ်သူလည်း periodic table ကို နားလည်လောက်ပြီလို့ထင်ပါတယ်။

အခုနောက်ပိုင်းမှာ element တွေ တစ်ခုနဲ့ တစ်ခု ဓာတ်ပြုပုံကို ရေးသားပါမယ်။ element တွေကို သတ္တု -metal၊ သတ္တုမဟုတ်သော element များ (ဘယ်လို ဗမာလို ခေါ်ရမှန်း မသိတော့လို့ပါ :P) - nonmetals ၊ ဟေလိုဂျင် ဓာတ်ငွေ့ - Halogen ဆိုပြီး သုံးမျိုး သုံးစားအပြင် ကန့်လန့် အခြေအနေမှာရှိတဲ့ element များကိုလည်း အမျိုးအစားထပ်ခွဲလို့ရပါသေးတယ်။ အပေါ်က ပထမပုံကို ရှုစားပါ။

Ionic Bonding

ဒီဓာတ်ပြုမှုက metal တွေနဲ့ non-metal တွေ ကြားမှာဖြစ်ပါတယ်။ တချို့သော element တွေရဲ့electron တွေက အပြင်ဆုံး shell ထဲကို တစ်ခုတည်း ပို့ထားသလို ပိုနေစေတတ်ပါတယ်။ အဲလိုပဲ တချို့သော element တွေရဲ့ ဖွဲ့စည်းပုံကျတော့လည်း shell တစ်ခုကို အပြည့်အ၀မဖြစ်စေပဲ တစ်လုံးတည်းသော electron သို့ နှစ်လုံးသော electron စသဖြင့် လိုနေစေပါတယ်။ အဲဒီလိုဖြစ်နေတဲ့အခါမှာ လိုအပ်တဲ့ electron ကို ပေးနိုင်တဲ့ ပိုလျှံနေတဲ့ element က လိုအပ်နေတဲ့ element အနီးအနားကို ရောက်သွားခဲ့လျှင်၊ အကယ်ရ်ျ တစ်ခုသော element က နောက်တစ်ခုထက်ပိုပြီးတော့ ဆွဲငင်အား ကောင်းခဲ့ရင် အားနည်းပြီး electron လည်းပိုနေတဲ့ element က သူ့ရဲ့ ပိုနေတဲ့ electron ကို စွန့်လွှတ်လိုက်ရပါတယ်။ အဲဒီလို စွန့်လွှတ်လိုက်တဲ့အတွက် နှစ်ခုလုံးသော element တွေဟာ neutral မဟုတ်တော့ပဲ လျှပ်စစ်ဓာတ်ကို ရရှိလာပါတယ်။ electron တစ်ခု ပေးလိုက်သူက အပေါင်းဓာတ်ကို သို့ ဖိုဓာတ်ကို ရရှိပြီး၊ ယူလိုက်သူက အနှုတ်ဓာတ် သို့ မဓာတ်တွေကို ရလဒ်အဖြစ် ရရှိကြပါတယ်။ အဲဒိလို ဖြစ်သွားတဲ့အတွက် element နှစ်ခုလုံးရဲ့ elelctron တည်မြဲမှုဟာ ပိုမို ခိုင်မာသွားပါတယ်။

Covalent Bonding

ဒီတစ်မျိုးကတော့ အပေါ်က ionic bonding လို တစ်ဖက်က ပိုအားကောင်းစရာမလိုတော့ပါဘူး။ ပိုနေတဲ့ electron တွေကို တစ်ဘက်ဘက်က လုံးဝစွန့်လွှတ်ဖို့ မလိုတော့လို့ပါ။ Covalent bonding ဟာ nonmetal နဲ့ ဓာတ်ငွေ့ တွေမှာပဲ အများစု ဖြစ်လေ့ရှိတတ်ကြပါတယ်။ element နှစ်ခု သို့ နှစ်ခုထက်ပိုမိုပါဝင်ပြီး cavalent bonding ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးသော atom တွေဟာ shellကို ဖြည့်စည်းဖို့ electron တစ်လုံး သို့ တစ်လုံးထက်ပိုမို ရှိနေရင် အဲဒီ လိုအပ်နေတဲ့ electron အရေအတွက်ကို မျှတဖို့ အတွက် ပေါင်းစည်းနိုင်ကြပါတယ်။ အဲဒီလို ပေါင်းစည်းလိုက်တဲ့အခါ အဲဒီ atom နှစ်ခုဟာ တစ်ပူးတည်း ဖြစ်သွားကြပါတယ်။ သဘာဝအတိုင်း တည်ရှိနေကြတဲ့ အရာအားလုံးဟာ covalent bond တွေကြောင့် ဖြစ်လာကြတာများပါတယ်။ အောက်မှာ နမူနာကို ပုံနဲ့ ပြထားပါတယ်။ Oxygen နဲ့ Hydrogen နှစ်လုံး ပေါင်းစပ်လို့ ရေဖြစ်လာပုံပါ။

ဒီလောက်ဆိုရင် အဓိက ဓာတ်ပြုပုံနှစ်မျိုးကို အကျဥ်းချုပ် ဖော်ပြပြီးပြီလို့ထင်ပါတယ်။ နောက်ထပ် ဆွဲငင်အား နှစ်မျိုး ( Van der Waals Force နဲ့ Electrostatic Charge) တို့ကြောင့်လည်း bonding တွေ ဖြစ် လာ နိုင်ပါသေးတယ်။

အခုဆိုရင် အလွန်အခြေခံကျတဲ့ အရာများကို ရေးသားလို့ ပြီးသွားပါပြီ။ နောက်တစ်ပို့စ်မှာ သက်ရှိတွေအတွက် အရေးအကြီးဆုံး element တစ်ခု ဖြစ်တဲ့ carbon အကြောင်း ဆက်ေ၇းပါ့မယ်။

(ဆက်၇န်)

0 comments: