Wednesday, September 30, 2009

သက်ရှိလေးတွေ လုံးတုံးတုံး- ၂

အပင်နဲ့ တိရစ္ဆာန်များအားလုံးဟာ (လူလည်းပါပါတယ်) Eukaryotes တွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာလောက်က Charles Darwin ဆိုတဲ့ ဗြိတိသျှ သဘာဝဗေဒပညာရှင် တစ်ယောက်က ကမ္ဘာပေါ်မှာရှိတဲ့ သက်၇ှိတွေဟာ အဆင့်ဆင့် ဖြစ်တည်ပြောင်းလဲမှုတွေအရ ဖြစ်ပေါ်လာကြတယ်၊ အားလုံးမှာ common ancestor တွေ တူညီသော အခြေခံတွေ ရှိကြတယ်ဆိုတာကို The Origin Of Life ဆိုတဲ့ စာအုပ်နဲ့ Voyage Of the Beagle ဆိုတဲ့ စာအုပ်တွေမှာ အထောက်အထားများနဲ့ သက်သေပြခဲ့ပါတယ်။ Gregor Mendel ဆိုတဲ့ ဇီဝဗေဒ နဲ့ ရုက္ခဗေဒပညာရှင်ကြီးကလည်း အပင်တွေကို မျိုးစပ်လိုက်ရင် မိဘနှစ်ပါးနဲ့ ကွဲပြားတဲ့ နောက်ထပ် မျိုးသစ်တွေ ထပ်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို အခါခါ စမ်းသပ် မှတ်တမ်းတင်ပြီး သက်သေပြခဲ့ပါတယ်။ အဲဒီလိုပဲ Thomus Morgan ဆိုတဲ့ မျိုးရိုးဗီဇ ပညာရှင်ကြီးကလည်း ယင်ကောင်တစ်မျိုး (Drosophila Fruit Fly) ကို အသုံးပြုပြီး မျိုးရိုးဗီဇ ကွဲပြားမှုတွေက မတူညီတဲ့ အရည်အသွေးတွေရှိတဲ့ ယင်ကောင်တွေကို မိတ်လိုက်ပေးရင် ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ အဲဒီလို စမ်းသပ်မှုမျိုးတွေကို ကြွက်များနဲ့ စမ်းသပ်ထားတာတွေလည်း ရှိပါတယ်။ အင်တာနက်မှာ အလွယ်တကူပဲ ရှာဖွေ ဖတ်၇ှုနိုင်ပါတယ်။ စာအုပ်အရကတော့ - Principles of Genetics : Snustad, Simmons,Jenkins ကို ဖတ်၇ှုလိုက်ရင် အရင်ဆုံး အကြောင်းအရာက Morgan ရဲ့ စမ်းသပ်မှုဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။

အခုပြောချင်တာက မျိုးရိုးဗီဇဗေဒ မဟုတ်တော့ စောစောက စကားအစကို ပြန်ကောက်ရရင် ကမ္ဘာပေါ်မှာ ရှိတဲ့ သက်၇ှိတွေနဲ့ အပင်တွေအားလုံးက eukaryotes ဆိုတာနဲ့ ပြန်စရပါ့မယ်။ အဲဒီ eukaryoteတွေက cell တစ်ခုတည်း သီးခြားဖြစ်တည်နေတာရှိသလို အများစုပေါင်းပြီး ဖြစ်တည်နေတာလည်းရှီတယ်လို့ ပြောခဲ့ဖူးပါတယ်။ စာရေးသူ အောက်မှာ ပြထားတဲ့ ပုံက prokaryote တွေနဲ့ eukaryote တွေ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို ပြထားတာပါ။ပုံမှာ မြင်ရတဲ့အတိုင်းပဲ သက်ရှိသတ္တ၀ါတွေ အားလုံးက (cell ရှိတဲ့ သက်ရှိတွေ အားလုံး) common ancestor တစ်မျိုးတည်းကနေ ထွက်ပေါ်လာတာလို့ ယူဆလို့ရပါတယ်။
Bacteria တွေ အားလုံးဟာ Prokaryote တွေ ဖြစ်ပြီး စောစောက ပြောသလိုပဲ အပင်နဲ့ တခြားသက်ရှိတွေကတော့ cell တွေထဲမှာ nucleus ပါတဲ့အတွက် Eukaryote တွေချည်းပါပဲ။ Archaea လို့ ခေါ်တဲ့ အမျိုးအစားတစ်မျိုးလည်း Eukaryote တွေနဲ့နီးစပ်စွာ ခွဲထွက်သွားပါသေးတယ်။ သူတို့ကတော့ Prokaryote လည်း Eukaryote လည်း မဟုတ်တဲ့ ကန့်လန့်ကောင်တွေပေါ့။ ဆိုတော့ကာ အပေါ်ကပြထားတဲ့ ပုံအတိုင်းပါပဲ။ Prokaryote တွေနဲ့ Eukaryote တွေဟာ အတူတကွ မှီတင်းဖြစ်ပေါ်နိုင်ပါတယ်။ အဲတာကိုလည်း လူ့ကိုယ်ခန္ဒာထဲမှာ ရှိတဲ့ bacteria တွေကတင် သက်သေပြနိုင်ပါတယ်။ Eukaryote တွေကို Bacteria တစ်မျိုးပဲ ဖြစ်တဲ့ Eu-bacteria / true-bacteria ကနေ ပေါက်ဖွားခဲ့တယ်လို့ သိရပါတယ်။ Archaea နဲ့ Eukaryote တွေဟာ Eu-bacteria တွေကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ Archaea တွေက Prokaryote တွေပါ။ သူတို့မှာ Nucleus မရှိပါဘူး။ ဆိုတော့ကာ အားလုံးသော သက်ရှိတွေဟာ common ancestor တစ်မျိုးထဲကနေပဲ ဆင်းသက်လာတယ်လို့ ဆိုရပါလိမ့်မယ်။

(ဆက်ရန်)

0 comments: