မှန်ချင်မှလည်း မှန်ပါလိမ့်မယ်.. :D
Sunday, September 20, 2009
Tuesday, September 15, 2009
အရှုံးများနှင့် နှလုံးသား (အလဲ့... :D)
မ၀င်တာ ကြာပြီဖြစ်တဲ့ ဒီစာမျက်နှာကို ရောက်တော့ စာရေးသူလည်း ဘယ်မှာ တင်ရမယ်ဆိုတာ စဉ်းစားမရတဲ့ ကိုယ့် powerpoint ကို ကိုယ်ဘာသာကိုယ် ဒီမှာပဲ တင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြည့်မယ့်သူ မရှိမယ့်တူတူ ပုဂ်ဂလိကခံစားချက်မဟုတ်ပဲ ဟိုလိုလို ဒီလိုလို ဆိုင်တိုင်တိုင်လေး ရှိတဲ့ ဆိုဒ်မှာပဲ တင်မယ်လို့ စဉ်းစားပြီး တင်လိုက်တာပါ။ ကြည့်ချင်ကြည့် မကြည့်ချင်နေပေါ့။ ကြည့်ပြီး လက်ခုတ်တီးလို့ ရသလို၊ ကလော်တုတ်လို့လည်း ဘာမှ မတတ်နိုင်ပါဘူး (ကိုယ်လုပ်ချင်ရာ လုပ်နေတာကို)...
အဲတောကာ.. ပြောရရင်ဖြင့် ကနေ့ ပရီဇန်တေးရှင်း ရှိတယ်ဆိုပါတော့။ ဟိုဘက် စာမျက်နှာ မှာေ၇းထားသလိုပဲ ကေ့စ် စတဒ်ဒီတွေကို ပရီဇန်တေးရှင်းလုပ်ခိုင်းတော့ ဒီနေ့ လုပ်လိုက်ပါတယ်။ အဲဒါတွေကို ဗီဒီယို ဆွဲချထားတာ အခုထိတော့ ဖွင့်လို့ရအောင် ဖိုင်အမျိုးအစား ပြောင်းနေတုန်းပဲ ရှိပါသေးတယ်။ ကိုယ်ပြောထားတာ ကိုယ့်ဘာသာကိုယ်တော့ မြင်ချင်တာပေါ့နော်။ ဒီမယ် တင်မတင်ကတော့ စဉ်းစားနေတုန်းပါပဲ။
အဲတော့ကာ တွေးမိတာက အဲဒီ ပရီဇန်တေးရှင်းလုပ်ထားတာကို ဒီမှာ တင်ဖို့ပါ။ ကျောင်းအလုပ်ဖြစ်တဲ့အတွက် သင်ယူနေဆဲကာလမို့ အဆင်ပြေချင်မှလည်း ပြေပါမယ်။ ဘာပဲဖြစ်ဖြစ်ဆိုပြီးသာ တင်လိုက်တာပါ။ ဆိုတော့ကာ ဒီပါဝါပွိုင့်နဲ့ ပရီဇန့်ထ်လုပ်ခဲ့တယ် ဆိုပါတော့။
ဒီဇိုင်းက အစက အဆုံး အကုန်လုံး ကိုယ်ပိုင်ဒီဇိုင်းပါ။ content တွေကတော့ ref ထဲမှာ အကုန်နီးပါး စုထည့်ထားပါတယ်။ တချို့စာမျက်နှာတွေက ဗီဒီယိုတွေပါ။ အဲတာတွေကတော့ folder path တူမှ ဖွင့်လို့ရပါတယ်။ ဆိုတော့ကာ ဖွင့်လို့ ရမယ် မဟုတ်ဘူးဆိုပါတော့။
ကဲ၊ တင်တာကတော့ တင်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ဝေဖန်ကြပါလို့။
Labels: Physiology, ထွေထွေရာရာ
Wednesday, January 23, 2008
ဦးနှောက်ကို ဖွဲ့စည်းထားသော neuron လေးများ
လူ့ဦးနှောက်အကြောင်းကို အပျင်းပြေဖတ်လို့ရအောင် ရေးကြည့်ပါ့မယ်။
ဦးနှောက်ကို neuron လို့ခေါ်တဲ့ cell အမျိုးအစားနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဒီ cell လေးတွေရဲ့ ပုံသဏ္ဌန်ကတော့ ခေါင်းကြီးကြီး ကိုယ်သေးသေးနဲ့ ချစ်စရာလေးတွေပေါ့။ ဆံချည်မျှင်လို ထိုးထိုးထောင်ထာင် ရှုပ်ရှုပ်ယှက်ယှက် အမျှင်လေးတွေ ဦးခေါင်းဘက်ခြမ်းမှာ ရှိသလို၊ အောက်ဘက်မှာ ခြေထောက်ကလေးတွေကို ရှည်ထွက်နေတဲ့ axon လို့ခေါ်တဲ့ အပိုင်းလေးတွေကနေမှ ခွဲထွက်သွားတဲ့ အမျှင်ကလေးတွေ (axon end သို့ cell ရဲ့ အဆုံးပိုင်း) လည်း ရှိပါတယ်။
ဦးနှောက် cell (neuron) တစ်ခုကို အကြမ်းဖျဉ်းအားဖြင့် သုံးပိုင်းခွဲခြားလို့ရပါတယ်။ Dandrites လို့ခေါ်တဲ့ ဦးခေါင်းပိုင်းက အမျှင်လေးတွေ၊ cell ရဲ့ အလည်ပိုင်း ကိုယ်ခန္ဒာနဲ့ axon လို့ခေါ်တဲ့ cell ခြေထောက်တွေပါ။ (ဥိးနှောက်cell တွေဟာ ပုံသဏ္ဌန် သုံးမျိုးသုံးစားရှိပေမယ့် အများဆုံးတွေ့ရတဲ့ အမျိုးအစားကိုပဲ အသုံးပြုပြီး ဆက်လက်ရှင်းလင်းမှာ ဖြစ်ပါတယ်။)
ဦးနှောက်cell တစ်ခုရဲ့ ဦးခေါင်းပိုင်းမှာ အခြားဆဲတွေကနေ တစ်ဆင့် စီးဆင်းလာတဲ့ လျှပ်စစ် signal ကို လက်ခံဖို့အတွက် dandrite တွေက တာဝန်ယူပါတယ်။ အဲဒီ signal ဟာ cell ရဲ့ ကိုယ်ခန္ဒာ (cellbody) ကို ဆက်လက်စီးဆင်းသွားပြီးနောက် အဲဒီမှာပဲ cell ရဲ့ အောက်ပိုင်းကို ဆက်လက် စီးဆင်းမယ် မစီးဆင်းဘူးဆိုတာကို ခွဲခြားစစ်ဆေးပြီးမှ အဆုံးအဖြတ် ခံယူရပါတယ်။ အဲဒီနောက်မှာတော့ ဒီ signal လျှပ်စစ်စီးကြောင်းက axon ရဲ့ အစဖြစ်တဲ့ axon hillock ကနေစပြီးတော့ အောက်ဘက်ကို စီးဆင်း သွားပါတော့တယ်။
ဒီ axon တွေကို myelin sheath အဆီလွှာနဲ့ အုပ်ထားခဲ့ရင် singal က ပိုမို မြန်ဆန်စွာ စီးဆင်းပါတယ်။ မအုပ်ထားခဲ့တဲ့ axon မျိုးဖြစ်ခဲ့ရင်တော့ signal ပေးပို့ခြင်းက အနည်းငယ် တုံ့နှေးပါတယ်။ axon ပေါ်က myelin sheath တွေကြား axon ရဲ့ အလည်နားပိုင်းလောက်မှာ node of Ranvier လို့ခေါ်တဲ့ လစ်လပ်နေတဲ့ နေရာလေးတစ်ခု ရှိပါတယ်။ အဲဒီ လစ်လပ်နေတဲ့ စပ်ကြားနေရာလေးတွေကပဲ neuron ရဲ့ အကာပါးကို ပတ်ဝန်းကျင်နဲ့ ထိတွေ့စေတာ ဖြစ်တဲ့အတွက် signal စီးဆင်းရာမှာ အရေးပါပါတယ်။
ပြီးနောက်မှာတော့ signal ဟာ axon termal ခွဲကြောင်းတွေကိုရောက် ပြီးမှ synapse ကနေ့တစ်ဆင့် နောက်ထပ် cell တစ်ခုကို ရောက်ရှိသွားပါတော့တယ်။
neuron terminal တွေက neuron အချင်းချင်းအပြင် muscle နဲ့ gland တွေကိုလည်း ထိစပ်နေပါတယ်။
ဒီလောက်ဆိုရင်ဖြင့် ဦးနှောက်ရဲ့ neuron အကြောင်းကို အကြမ်းဖျဉ်း ရေးသားပြီးပြီလို့ထင်ပါတယ်။ မှားယွင်းနေတာတွေကိုလည်း ၀င်ရောက်ပြင်ဆင် ပေးစေလိုပါတယ်။
စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။
(ဦးနှောက် cell တစ်ခုရဲ့ အကြမ်းဖျဉ်းပုံသဏ္ဌန်ပါ)
==========================================Labels: Physiology