Showing posts with label Molecular Cell Biology. Show all posts
Showing posts with label Molecular Cell Biology. Show all posts

Wednesday, September 30, 2009

သက်ရှိလေးတွေ လုံးတုံးတုံး - ၄ (ဗိုင်းရပ်စ်)

ဗိုင်းရပ်စ်ဆိုတဲ့ ဝေါဟာရကို စာဖတ်သူ ကြားဖူးပြီးသားဖြစ်မှာပါ။ ဗိုင်းရပ်စ်ပိုးဆိုတာ ကူးစက်တတ်တယ်၊ ဒုက္ခပေးတယ်၊ ကောင်းကျိုးမပေးဘူး စသဖြင့် ဆက်စပ်ပြီးတွေးမိကြမှာပေါ့။
ဗိုင်းရပ်စ်ဆိုတာ Prokaryote လည်းမဟုတ်သလို Eukaryote လည်းမဟုတ်ပါဘူး။ သူတို့ဟာ သက်ရှိတွေလို မျိုးပွားမှုကို သူတို့ဘာသာသူတို့ မပြုလုပ်နိုင်ကြပါဘူး။ အားလုံးသော သက်ရှိတွေဟာ မိမိဘာသာဖြစ်စေ (single cell division) အခြားသော မျိုးတူသက်ရှိတွေနဲ့ ရင်းနှီးရ်ျဖြစ်စေ မျိုးပွားခြင်းကို ပြုလုပ်နိုင်ကြပါတယ်။ Single Cell တွေ ဖြစ်တဲ့ Prokaryote တွေတောင်မှပဲ မျိုးပွားခြင်းကို ပြုလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ မလုပ်နိုင်ကြပါဘူး။ သူတို့တွေဟာ သက်ရှိတစ်မျိုးမျိုးအတွင်းမှာ ကပ်ပါးကောင်အဖြစ်နေပြီး သူတို့ရဲ့ အရေအတွက်နဲ့ မျိုးရိုးဗီဇကို ပွားကြရပါတယ်။ ဒါကြောင့် သူတို့ကို Parasite လို့ပဲ ခေါ်လို့ရပါတယ်။

ဗိုင်းရပ်စ်တွေဟာ သက်ရှိတစ်မျိုးမျိုးရဲ့ ကိုယ်ထဲကို သူတို့အတွင်းက ပင်မ အလုပ်လုပ်တဲ့ protein တွေပါတဲ့ capsule လေးကို ထည့်လိုက်ပါတယ်။ ပြီးနောက်မှာတော့ အဲဒီ capsule လေးတွေဟာ သူတို့ေ၇ာက်၇ှိနေတဲ့ cell အတွင်းက အာဟာရတွေကို အသုံးပြုပြီး နောက်ထပ် ဗိုင်းရပ်စ်တွေကို ပွားပါတော့တယ်။ ဗိုင်းရပ်စ်တွေကို protein အကာတစ်ခုက ကာကွယ်ပေးပြီး အဲဒီ အကာနဲ့ပဲ cell တွေကို ကပ်တွယ်ရပါတယ်။

ဗိုင်းရပ်စ်တွေရဲ့ မျိုးပွားနည်းနောက်တစ်မျိုးကတော့ cell ပေါ်မှာတွယ်ပြီးတော့ သူတို့ရဲ့ဗီဇတွေကို အတွင်းကို ထိုးသွင်းလိုက်တာပါပဲ။ အဲဒီ ဗီဇတွေက ပင်မcell ရဲ့ ဗီဇနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာတော့ အဲဒီ cell ပွားတိုင်းပွားတိုင်းမှာ ဗီဇကွဲပြားနေပြီဖြစ်တဲ့ cell တွေကိုပဲ ရရှိပါတော့တယ်။ အောက်မှာ ပုံနဲ့ ပြထားပါတယ်။

(ဟောဒီက ယူထားပါတယ်)

ဗိုင်းရပ်စ်တွေဟာ cell အတွင်းကို ကျူးကျော်တဲ့အခါမှာ နှစ်မျိုးသောအခြေအနေတို့ ဖြစ်နိုင်ခြေရှိပါတယ်။ ပထမတစ်မျိုးကတော့ အဲဒီ ဗီုင်းရပ်စ်တွေဟာ cell အတွင်းမှာပဲ ပွားလာပြီးနောက်ပိုင်း ကြီးထွားလာတဲ့အခါမှာ cell ကို ဖျက်ပြိး အပြင်ကိုထွက်လာကြပါလိမ့်မယ်။ နောက်တစ်မျိုးကတော့ အဲဒီcell တွေရဲ့ မျိုးရိုးဗီဇက နဂိုမူလ ကျူးကျော်ခံရတဲ့ cell ရဲ့ ဗီဇတစိတ်တပိုင်းအဖြစ်နဲ့ ဆက်လက်တည်ရှိသွားနိုင်တာပါ။ အဲဒီလိုဖြစ်ရင် မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီဇလို့ခေါ်တဲ့ DNA တွေက ကိုယ်ခန္ဒာတစ်ခုလုံးမှာရှိတဲ့ ဖြစ်မှုပျက်မှု အရာအားလုံးအတွက် protein တွေကို ညွှန်ကြားထုတ်လုပ်ပြီး ထိန်းချုပ်ထားလို့ပါ။ အဲတာကြောင့် ဗိုင်းရပ်စ်ကြောင့်လည်း မျိုးရိုးဗီဇ ရောဂါတွေဖြစ်လာနိုင်ပါတယ်။

(ဆက်၇န်)

သက်ရှိလေးတွေ လုံးတုံးတုံး - ၃

စောစောက ပို့စ်ကနေ အစပြန်ကောက်ရရင် သက်ရှိတွေ အားလုံးဟာ တစ်မျိုးနဲ့တစ်မျိုး အမှီ ပြုပြီး နေထိုင်ကြပါတယ်ကနေ ပြန်စရပါလိမ့်မယ်။ အဲလို နေထိုင်ကြတဲ့အခါမှာ တစ်ခါတစ်ခါကျတော့ တစ်ဘက်ဘက်က အမှီပြုတာလွန်လာတဲ့အခါ နောက်တစ်ဘက်က သူ့ရဲ့ ရပ်တည်မှုကို ပြန်လည်တိုက်ခိုက်တောင်းဆိုရတာလည်း ရှိပါတယ်။ ဥပမာ တခါတရံမှာ လူ့ကိုယ်ထဲက ပိုးမွှားတွေက သူတို့ ရှိနေသင့်တဲ့နေရာမှာ မနေပဲ တခြားနေရာကို ရောက်သွားရင် ကိုယ်ခန္ဒာကြီးက ဒုက္ခရောက်တော့မှာ ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာထဲမှာပဲ နေထိုင်တဲ့ ခုခံအားတပ်ပေါင်းစုတွေက တိုက်ထုတ်သတ်ဖြတ်ပစ်ရပါတယ်။ ဆိုလိုတာက ပိုးမွှားတွေက လိုအပ်သလောက်ပဲ ရှိသင့်တဲ့နေရာမှာ ရှိရမယ်ပေါ့။ ဆိုတော့ကာ တစ်ဘက်နဲ့တစ်ဘက် အမှီပြုကြရာမှာ ကျူးကျော်သလို မဖြစ်အောင်လည်း စည်းရှိရတယ်ဆိုပါတော့။

Bacteria တွေလိုပဲ cell တစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့ eukaryote တစ်မျိုးကတော့ protozoa ပါ။ Protozoan တွေဟာ ကောင်းကျိုး ဆိုးကျိုး နှစ်မျိုးလုံးကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ၊ သူတို့တွေဟာ မြေဆီလွှာ ကောင်းမွန်မှုအတွက်အရေးပါပါတယ်။ Nitrogen နဲ့ Phosphate တွေကို စွန့်ထုတ်ကြလို့ရယ်၊ မလိုအပ်တဲ့ အမှိုက်အညစ်အကြေးတွေကို ဖျက်ဆီးပစ်ရာမှာလည်း ပါဝင်နေလို့ရယ်ပါ။ လူ့ကိုယ်ခန္ဒာအတွက်တော့ Protozoa တွေက လုံးဝ မကောင်းတဲ့ သက်ရှိတွေပါ။ ရောဂါအတော်များများကို ဖြစ်စေပါတယ်။ အဲဒိလိုပဲ နောက်ထပ် cell တစ်လုံးတည်းနဲ့ အသက်ရှင်နေတဲ့ Yeast ခေါ် ရေညှိ (လို့ပြောလို့ ရမလားမသိဘူး) နဲ့ မှိုတွေဟာလည်း ကောင်းကျိုး နဲ့ ဆိုးကျိုးကို ပြိုင်တူပေးတတ်ကြတဲ့ Eukaryote တွေပါ။ သူတို့တွေကို ဘီယာ နဲ့ ၀ိုင်တွေ ချက်ရာမှာ၊ ပေါင်မုန့် လုပ်ရာမှာ၊ ဒါ့ပြင် ဆေးဝါးတွေ ထုတ်လုပ်ရာမှာအထိ အသုံးပြုရပါတယ်။ အဲဒီလို အသုံးဝင်သလိုပဲ သူတို့တွေကပဲ သက်၇ှိတွေနဲ့ လူတွေကို ရောဂါအမျိုးမျိုး ပေးစွမ်းနိုင်ပြန်ပါတယ်။ ဒါကြောင့် သက်ရှိတွေ အားလုံးဟာ တစ်မျိုးနဲ့ တစ်မျိုး မှီတင်းနေထိုင်နေလို့သာ အသက်ရှင်နေနိုင်စွမ်းရှိကြတာပါ။ တကယ်လို့ တစ်ဘက်ဘက်က ပျက်စီးခဲ့ရင် အခြားသောဘက်ကလည်း ပျက်စီးဖို့ အလားအလာများပါတယ်။

(ဆက်ရန်)

သက်ရှိလေးတွေ လုံးတုံးတုံး- ၂

အပင်နဲ့ တိရစ္ဆာန်များအားလုံးဟာ (လူလည်းပါပါတယ်) Eukaryotes တွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာလောက်က Charles Darwin ဆိုတဲ့ ဗြိတိသျှ သဘာဝဗေဒပညာရှင် တစ်ယောက်က ကမ္ဘာပေါ်မှာရှိတဲ့ သက်၇ှိတွေဟာ အဆင့်ဆင့် ဖြစ်တည်ပြောင်းလဲမှုတွေအရ ဖြစ်ပေါ်လာကြတယ်၊ အားလုံးမှာ common ancestor တွေ တူညီသော အခြေခံတွေ ရှိကြတယ်ဆိုတာကို The Origin Of Life ဆိုတဲ့ စာအုပ်နဲ့ Voyage Of the Beagle ဆိုတဲ့ စာအုပ်တွေမှာ အထောက်အထားများနဲ့ သက်သေပြခဲ့ပါတယ်။ Gregor Mendel ဆိုတဲ့ ဇီဝဗေဒ နဲ့ ရုက္ခဗေဒပညာရှင်ကြီးကလည်း အပင်တွေကို မျိုးစပ်လိုက်ရင် မိဘနှစ်ပါးနဲ့ ကွဲပြားတဲ့ နောက်ထပ် မျိုးသစ်တွေ ထပ်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို အခါခါ စမ်းသပ် မှတ်တမ်းတင်ပြီး သက်သေပြခဲ့ပါတယ်။ အဲဒီလိုပဲ Thomus Morgan ဆိုတဲ့ မျိုးရိုးဗီဇ ပညာရှင်ကြီးကလည်း ယင်ကောင်တစ်မျိုး (Drosophila Fruit Fly) ကို အသုံးပြုပြီး မျိုးရိုးဗီဇ ကွဲပြားမှုတွေက မတူညီတဲ့ အရည်အသွေးတွေရှိတဲ့ ယင်ကောင်တွေကို မိတ်လိုက်ပေးရင် ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ အဲဒီလို စမ်းသပ်မှုမျိုးတွေကို ကြွက်များနဲ့ စမ်းသပ်ထားတာတွေလည်း ရှိပါတယ်။ အင်တာနက်မှာ အလွယ်တကူပဲ ရှာဖွေ ဖတ်၇ှုနိုင်ပါတယ်။ စာအုပ်အရကတော့ - Principles of Genetics : Snustad, Simmons,Jenkins ကို ဖတ်၇ှုလိုက်ရင် အရင်ဆုံး အကြောင်းအရာက Morgan ရဲ့ စမ်းသပ်မှုဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။

အခုပြောချင်တာက မျိုးရိုးဗီဇဗေဒ မဟုတ်တော့ စောစောက စကားအစကို ပြန်ကောက်ရရင် ကမ္ဘာပေါ်မှာ ရှိတဲ့ သက်၇ှိတွေနဲ့ အပင်တွေအားလုံးက eukaryotes ဆိုတာနဲ့ ပြန်စရပါ့မယ်။ အဲဒီ eukaryoteတွေက cell တစ်ခုတည်း သီးခြားဖြစ်တည်နေတာရှိသလို အများစုပေါင်းပြီး ဖြစ်တည်နေတာလည်းရှီတယ်လို့ ပြောခဲ့ဖူးပါတယ်။ စာရေးသူ အောက်မှာ ပြထားတဲ့ ပုံက prokaryote တွေနဲ့ eukaryote တွေ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို ပြထားတာပါ။ပုံမှာ မြင်ရတဲ့အတိုင်းပဲ သက်ရှိသတ္တ၀ါတွေ အားလုံးက (cell ရှိတဲ့ သက်ရှိတွေ အားလုံး) common ancestor တစ်မျိုးတည်းကနေ ထွက်ပေါ်လာတာလို့ ယူဆလို့ရပါတယ်။
Bacteria တွေ အားလုံးဟာ Prokaryote တွေ ဖြစ်ပြီး စောစောက ပြောသလိုပဲ အပင်နဲ့ တခြားသက်ရှိတွေကတော့ cell တွေထဲမှာ nucleus ပါတဲ့အတွက် Eukaryote တွေချည်းပါပဲ။ Archaea လို့ ခေါ်တဲ့ အမျိုးအစားတစ်မျိုးလည်း Eukaryote တွေနဲ့နီးစပ်စွာ ခွဲထွက်သွားပါသေးတယ်။ သူတို့ကတော့ Prokaryote လည်း Eukaryote လည်း မဟုတ်တဲ့ ကန့်လန့်ကောင်တွေပေါ့။ ဆိုတော့ကာ အပေါ်ကပြထားတဲ့ ပုံအတိုင်းပါပဲ။ Prokaryote တွေနဲ့ Eukaryote တွေဟာ အတူတကွ မှီတင်းဖြစ်ပေါ်နိုင်ပါတယ်။ အဲတာကိုလည်း လူ့ကိုယ်ခန္ဒာထဲမှာ ရှိတဲ့ bacteria တွေကတင် သက်သေပြနိုင်ပါတယ်။ Eukaryote တွေကို Bacteria တစ်မျိုးပဲ ဖြစ်တဲ့ Eu-bacteria / true-bacteria ကနေ ပေါက်ဖွားခဲ့တယ်လို့ သိရပါတယ်။ Archaea နဲ့ Eukaryote တွေဟာ Eu-bacteria တွေကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ Archaea တွေက Prokaryote တွေပါ။ သူတို့မှာ Nucleus မရှိပါဘူး။ ဆိုတော့ကာ အားလုံးသော သက်ရှိတွေဟာ common ancestor တစ်မျိုးထဲကနေပဲ ဆင်းသက်လာတယ်လို့ ဆိုရပါလိမ့်မယ်။

(ဆက်ရန်)

သက်ရှိလေးတွေ လုံးတုံးတုံး - ၁

ကနေ့ကတော့ ပျင်းပျင်းရှိတာနဲ့ မော်လီကျူးခေါ် မျက်စိနဲ့ တိုက်ရိုက်မမြင်နိုင်တဲ့ အတုံးလေးတွေ အကြောင်း ရေးပါမယ်.. အင်ထရိုက ရှည်မယ်လို့ ထင်မိပါတယ်...

cell တွေနဲ့ သက်ရှိတွေ အားလုံးကို ဖွဲ့စည်းထားတယ်ဆိုတာကို စာဖတ်သူ သိမှာပါနော်။ အဲဒီ cell လို့ခေါ်တဲ့ အရာလေးတွေက မျက်စိနဲ့ တိုက်ရိုက်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ အနီးစပ်ဆုံး ဥပမာပေးရရင် ကြက်ဥကို ခွဲပြီး ပန်းကန်ပြား တစ်ချပ်ပေါ်ကို ချလိုက်ရင် cell တစ်ခုရဲ့ ယေဘုယျ ပုံသဏ္ဍန်ကို တွေ့မြင်နိုင်ပါတယ်။ cell တစ်ခုမှာ ကြက်ဥအနှစ်နဲ့ အလားသဏ္ဍန်တူတဲ့ အနှစ်လုံး တစ်ခုပါပါတယ်။ အရင်တုန်းက ရေးဖူးတဲ့ စာတစ်ပုဒ်မှာ cell အကြောင်း ရေးဖူးပြိးပြီမို့ ထပ်မေ၇းလိုတော့ပါဘူး။

ကမ္ဘာပေါ်မှာ cell တွေက ပုံသဏ္ဍန်အမျိုးမျိုး အရွယ်အမျိုးမျိုး ကွဲပြားနေကြတာ အံ့သြဖို့ကောင်းပါတယ်။ အဲဒီလိုပဲ cell အရေအတွက်ကလည်း သက်ရှိတစ်မျိုးနဲ့တစ်မျိုး အင်မတန်မှ ကွဲပြားခြားနားကြပါတယ်။ တချို့ သက်ရှိတွေက တစ်ခုတည်းသော cell နဲ့ ဖွဲ့စည်းထားလို့ အလွန်သေးငယ်ပြီး အဏုမြူမှန်ပြောင်းနဲ့ ကြည့်မှ မြင်ရသလို မနုဿလူသားလို ကိုယ်ခန္ဒာ ကြီးမားတဲ့ သတ္တ၀ါများကျပြန်တော့လည်း မရေမတွက်နိုင်တဲ့ cell ပေါင်းများစွာ စုစည်းတည်ရှိဖြစ်တည်ရင်းနဲ့ သက်ရှိလို့ အမည်ဝင်နေကြပြန်ပါလေရော။

စာရေးသူတွေးမိတဲ့ အတွေးတစ်ခုက cell တစ်ခုကို သက်ရှိတစ်ကောင်လို့ ခေါ်မယ်ဆိုရင် လူဆိုတဲ့ သတ္တ၀ါက သက်၇ှိတစ်ကောင်တည်းလည်းဖြစ်တယ် သက်ရှိတွေ အများကြီးစုပြီးဖြစ်တည်နေတယ်လို့လည်း ခေါ်လို့ ရမှာပဲလို့။ တစ်ရေးနိုးတော့ အကြံပေါ်ဆိုသလို ဆောင်းညအိပ်မက် ဂယောက်ဂယက် အတွေးတွေမို့ အတွေးတစ်ခု သက်သက်အဖြစ်ပဲ ပြောပါရစေ။

တစ်ချို့ သော cell တစ်ခုတည်းရှိတဲ့အကောင်လေးတွေက သီးခြားဖြစ်တည်နေကြပြီး တစ်ချို့တွေက တခြားသော သက်ရှိတွေကို နှောင့်ယှက်ဖျက်ဆီးကြသလို တချို့တွေကတော့ တခြားသက်ရှိတွေကို အကျိုးပြုကြတာလည်း ရှိပါတယ်။ ဥပမာပြောရရင် အစာအိမ် အူလမ်းကြောင်းထဲမှာရှိတဲ့ ပိုးမွှားလို့ ခေါ်ရမယ် အကောင်လေးတွေက အစာခြေရာမှာ အထောက်အကူပြုပါတယ်။ လူတွေကိုယ်မှာရှိတဲ့ common flora လို့ခေါ်ပါတယ်။ အဲဒီအကောင်လေးတွေ ကိုယ်ခန္ဒာထဲမှာ ဘယ်လောက်တောင် များအောင် စုပြုံနေကြသလဲဆိုရင် လူ့ကိုယ်ခန္ဓာအလေးချိန်မှာ ၁-၁.၅ ကီလိုက ပိုးမွှားတွေရဲ့ အလေးချိန်ပါတဲ့။ ပိုးမွှားတွေဆိုလို့ ဘာတွေလဲလို့ မေးမယ်ဆိုရင် bacteria တွေပါလို့ ပြောပါရစေ။ ဗမာမှုပြုလိုက်လို့ပါ။) အဲဒီလိုလူနဲ့ အခြားသတ္တ၀ါတွေကို ကိုယ်ခန္ဒာတွင်းကနေ အကျိုးပြုရုံတင်မကပဲ တချို့တွေက ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုကြပါသေးတယ်။ တချို့သော ပိုးမွှားတွေက လေထဲက nitrogen ဓာတ်ကို စုတ်ယူပေးပါတယ်။ nitrogen က လေထုထဲမှာ များရင် အက်ဆစ်မိုးရွာတတ်တယ် ကမ္ဘာ့ ozone အလွှာအတွက် မကောင်းဘူးဆိုတဲ့ အချက်တွေကိုတော့ စာဖတ်သူသိပြီး ဖြစ်မှာပါ။

cell ဆိုတဲ့ unit လေးတွေက အမျိုးအစားအားဖြင့် နှစ်ခု ၇ှိပါတယ်။ Prokaryote နဲ့ Eukaryote ပါ။ cell တိုင်းမှာ မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ ဗီဇ gene တွေပါတယ်ဆိုတာ အရင်တုန်းက ပို့စ်မှာရေးဖူးပါတယ်။ Prokaryote နဲ့ Eukaryote ကွာခြားပုံကိုလည်း ရေးဖူးပါတယ်။ အဲတော့ အဲတာတွေကိုကျော်ပြီး အခြားအရာတွေကို ဆက်ပြောပါရစေ။

(ဆက်ရန်..)

Saturday, October 11, 2008

အစများ၏ အစ

ဒီကမ္ဘာပေါ်မှာ သက်ရှိပေါင်း သန်း၁၀၀ကျော် ရှိပါတယ်လို့ စာတစ်အုပ်က ဆိုပါတယ်။ အဲသလို များပြားလှတဲ့ သက်ရှိတွေဟာ စာရေးသူတို့ရဲ့ နဂိုမူလသဘာဝအတိုင်း သိရှိနားလည်နိုင်တဲ့ အကန့်အတွင်းကလေးမှာတင် တစ်ခုနဲ့တစ်ခု မတူညီကြပဲ ကွဲပြားခြားနားနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုပင် ကွဲပြားနေကြပါစေ တူညီတဲ့အချက်တစ်ခုကတော့ အားလုံးသော သက်ရှိများဟာ မျိုးရိုးဗီဇကို အစဉ်အဆက် လက်ဆင့်ကမ်းရခြင်းပဲ ဖြစ်ပါတယ်။ ထိုသို့ လက်ဆင့်ကမ်းနိုင်ဖို့ အတွက် မျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ ထိုကဲ့သို့ လိုအပ်သော မျိုးဆက်သစ်များ ရှိနေနိုင်ဖို့ အတွက် သက်ရှိနှင့် ပတ်ဝန်းကျင်ကြားမှာ စွမ်းအင်ကို အသွင်သဏ္ဌန် အမျိုးမျိုးနဲ့ အသုံးချ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ (မှတ်ချက်။ စွမ်းအင်သည် ကုန်ဆုံးသွားခြင်း၊ ပျောက်ပျက်သွားခြင်းမရှိပဲ သဏ္ဌန်တစ်ခုမှတစ်ခုသို့ ပြောင်းလဲသွားခြင်းသာ ရှိပါတယ် လို့ အဆိုရှိပါတယ်)


စွမ်းအင်ကို ဘယ်လို ပြောင်းလဲပေးမယ် ဘယ်လို အသုံးချရမယ် ဆိုတာကိုတော့ မျိုးရိုးဗီဇကပဲ ထိန်းကွပ်ပေးပါတယ်။ ဒါကြောင့်မို့ ဘဲဥအစရှာမရသလိုပဲ သက်ရှိဆိုတဲ့အရာတွေကို ဘယ်အရာကနေ ထိန်းချုပ်သလဲလို့ မေးခဲ့ရင်တော့ အတော် ဖြေရခက်ပါလိမ့်မယ်။ သက်ရှိနဲ့ တချို့သော သက်မဲ့လို့ သတ်မှတ်ခံထားရသော သက်ရှိများ (ဥပမာ။ သစ်ပင်များ စသည်..) တို့ကို cell လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားကလေးတွေနဲ့ စုပေါင်းဖွဲ့စည်းထားပါတယ်။

အဲဒီ cell ဆိုတဲ့ မှုန်မှုန်မွှားမွှားအရာလေးတွေ အများကြီးစုပေါင်းလာရကနေမှ လူအသွေးအသား အကြောအရိုး ကလီစာ ကိုယ်ခန္ဒာ ကလီစာ စသည်ဖြင့် ဖြစ်ပေါ်လာကြပါတယ်။ ဒီ cell လေးတွေဟာ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ တပြိုင်နက် သေဆုံးသွားကြ ပြန်အသစ်ဖြစ်လာလိုက်ကြနဲ့ destruction နဲ့ regeneration က ခန္ဒာကိုယ်ပေါ်မှာ အမြဲဖြစ်ပေါ်နေပါတယ်။ (ခန္ဒာကိုယ်ရဲ့ ဦးနှောက်လို တချို့သော အပိုင်းများမှာတော့ cell တွေ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းမရှိပါဘူး။ ဒါကြောင့် ဒီအပိုင်းတွေမှာ သေဆုံးသွားခဲ့တဲ့ cell တွေရဲ့ နေရာဟာ အမြဲလစ်လပ်နေပါတယ်။ စကားမစပ် ဗုဒ္ဒမြတ်စွာ မိန့်ကြားတော်မူခဲ့တဲ့ လူတစ်ယောက်ရဲ့ ရုပ်ကို တကယ်တမ်းသေချာ ခွဲကြည့်ရင် အမှုန်အမွှားလေးတွေ ဖြစ်ပြီးပျက်နေတာပဲ မြင်ရတယ်ဆိုတာဟာ ဒီ cell တွေ သေသွားလိုက် ပွားလာလိုက် ဖြစ်နေတာကို မြင်ရတာလားလို့ တွေးမိပါတယ်။)

cell အမျိုးအစားတွေက လူ့ကိုယ်ခန္ဒာပေါ်မှာ နေရာပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ cell တွေ ဟာ ပထမဖြစ်ပေါ်လာစမှာ တစ်မျိုး တစ်ပုံစံတည်းဖြစ်ပြီး တဖြည်းဖြည်းနဲ့သာ ကွဲပြားသွားကြပါတယ်။

ထို အရာကလေးတွေရဲ့ ပုံသဏ္ဌန်က အခန်းငယ်ကလေးတွေလိုပဲဖြစ်ပြီး အတွင်းမှာ nucleus လို့ခေါ်တဲ့ အနှစ်လုံးတစ်ခုနဲ့ တခြားသော အကာပါးလေးတွေ အုပ်ထားတဲ့ အရာကလေးများလဲ ပါဝင်ပါတယ်။ nucleus အတွင်းမှာ သက်ရှိတွေရဲ့ မျိုးရိုးဗီဇများကို သိုလှောင်ထားတဲ့ DNA ကြိုးချောင်းလေးတွေ ပါဝင်ပါတယ်။ cell အတွင်းမှ အရာများအားလုံးကို organelles လို့ခေါ်ပြီး ဒီorganelles လေးတွေဟာ နှစ်ခုထက်ပိုတဲ့ cell များနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ သက်ရှိများမှာသာ ရှိပါတယ်။
(http://www.fluwikie.com/uploads/Science/eukaryotic_cell.png)

သက်ရှိများကို cell အမျိုးအစားအရ ခွဲခြားရရင်တော့ဖြင့် နှစ်မျိုးနှစ်စား ခွဲခြားလို့ရပါတယ်။ prokaryote နဲ့ eukaryote ပါ။ prokaryoteလို့ခေါ်တဲ့ သက်ရှိများမှာ nucleus လို့ခေါ်တဲ့ အနှစ်လုံး သီးခြားမပါရှိတဲ့အတွက် မျိုးရိုးဗီဇများက nucleoid region လို့ခေါ်တဲ့ သေးသွယ်ရှုပ်ထွေးတဲ့ ကြိုးလေးများ ပါဝင်တဲ့ ဧရိယာအဖြစ် cell အတွင်းမှာ ရှိကြပါတယ်။

eukaryote တွေမှာတော့ အဲဒီ အချောင်းကလေးများက DNA လို့ခေါ်တဲ့ မျိုးရိုးဗီဇဘဏ်ကလေးများအဖြစ်နဲ့ အကာပါးလေး တစ်ခုရဲ့ အောက်မှာ nucleus လို့အမည်ရတဲ့ အနှစ်လုံးလေးအဖြစ် စုစုစည်းစည်းဖြစ်သွားပါတယ်။

သက်ရှိများကို cell အရေအတွက်နဲ့ ခွဲခြားသတ်မှတ်ပြရရင်တော့ unicellular နဲ့ multicellular ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ပေးထားသောနာမည်များနဲ့ ကိုက်ညီစွာပဲ unicellular ဖြစ်တဲ့ သက်ရှိများဟာ cell တစ်ခုသာပါရှိတဲ့အတွက် အလွန့် အလွန့်ကို သေးငယ်ပြီး သာမာန်မျက်စိနဲ့ ကြည့်မြင်နိုင်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ အများစုသော ဘက်တီးရီးယားများဟာ unicellular သက်ရှိများ ဖြစ်ကြပါတယ်။ multicellular သက်ရှိများကိုတော့ နှစ်ခုထက်ပိုတဲ့ cell ကလေးများနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် cell အရေအတွက်များလေလေ သက်ရှိအရွယ်အစားကြီးမားလေလေပါပဲ။ သက်ရှိလူများဟာ multicellular eukaryote များဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ဖြင့် cell အကြောင်းကို အကျမ်းဖြင်း ဖော်ပြပြီးပြီလို့ ထင်မိပါတယ်။

==========================================================